Yes, Captain "တွေ့ဆုံခြင်း"

91.4K 2.8K 169
                                    

"ညိုမင်းမို..."

"ခင်မျာ.."

"နွားတစ်ကောင်ပြောက်နေလို့ စားကျက်ထဲမှာကျန်ခဲ့သေးလားကွ.."

"ဟုတ်လား..."

"ဘာဟုတ်လားလဲ.."

"ကျွန်တော်သွားရှာရမှာလား..."

"မရှာချင် မရှာနဲ့လေ..မနက်ကျ အမေတို့ကိုပြောလိုက် နွားပြာကြီးပြောက်ပြီလို့.."

"ဟာဗျာ ကိုကိုကြီးတို့ကလည်း အိမ်မယ် အငြိမ်ကိုမနေရဘူး...ရွာ ပြန်ရောက်လာကတည်းက ဟိုဟာခိုင်းလိုက် ဒီဟာလိုင်းလိုက်နဲ့..."

"ညိုမင်းမို! အိမ်မယ် မင်းတစ်ယောက်ဘဲ ငယ်တာ အကြီးကိုပြန်ခံပတ်နေတာလား ငါ နားပန်ကျင်းထည့်လိုက်ရ..."

ကိုထွန်းစံက လက်ရွယ်လိုက်သော်လည်း အထွေးဆုံးဖြစ်သည့် ညီငယ်လေးကို မရိုက်ရက်စွာ လက်ကို ပြန်ဖယ်လိုက်၏။ သို့သော် ဒီလိုတော့ ခဏခဏ ခြောက်တခါချော့တခါပြုရသေး၏။နို့မို့ဆို ဒီကောင်လေးက အိမ်တွင် အငယ်ဆုံးဆိုပြီး သူလုပ်ချင်ရာလျှောက်လုပ်တာ...တနေ့တနေ့ သူမမွှေသည့်ပြဿနာရယ်လို့မရှိ...။

"ဟွန်း ဘယ်လောက်ကွာတာမို့လို့လဲ။ သိပါပြီ..." ဟုပြောရင်းဆိုရင်း ထိုင်ရာမှထခါ အိမ်အောက်သို့ဆင်းခါ ပုဆိုးကိုခပ်တိုတိုပြန်ပြင်ဝတ်ရင်း မှောင်ရီစပြုတော့မည်ဖြစ်သော ပုဇွန်ဆီရောင်ကောင်းကင်အောက် တစ်စတစ်စပြောက်ကွယ်သွားတော့သည်။

"ပြာတာကြီးရေ..လာ လာ လာ .."

တုတ်တစ်ချောင်းကိုင်ခါ ကမ်းစပ်နားမှဖြတ်လျှောက်လာသည့် ညိုမင်းမိုမှာ နွားပြာကြီးကိုစားကျက်မြေမှတစ်ဆင့် ရှာမတွေ့တော့ ကမ်းစပ်အနားသို့ လာရှာမိ၏။ ထင်သည့်အတိုင်း ပြာတာကြီးက ကမ်းစပ်ရှိ မြက်နုများကို အားရပါးရပင်စားခါ တစ်ကောင်ထဲ ပျော်ပွဲရွှင်ပွဲလုပ်နေသလို ခေါင်းမဖော်ခါစားနေလေသည်။

"ကျစ်...မင်းကွာ.ငါ့ လိုက်ရှာလိုက်ရတာ..လာ လာ...ပြန်ကြမယ်..."

"မွန်း....."

နှဖားကြိုးမှဆွဲသော်လည်း နေရာမှတုပ်တုပ်မလှုပ်သည့် ပြာတာကြောင့် ညိုမင်းမို အခက်တွေ့နေ၏။

My Captain (or) ဗိုလ်ကြီးရဲ့နှင်းဆီ(Complete)Where stories live. Discover now