ရမ်ဂုန် ရှိ..(ရန်ကုန်)
လျှို့ဝှက်အစည်းအဝေးခန်းမဆောင်...." နှင်းဆီက ဒီနေ့ ဘယ်လိုပုံစံဖြစ်မလဲဆိုတာသိပ်သိချင်မိသားဗျာ.."
" အရင်အပတ်ကတော့ ကလေးလေး.. ဟိုးတလောကဆို အသက်၅၀အရွယ် အဒေါ်ကြီး... တစ်ခါကဆိုရင် ဆံပင်ဖြူဖြူ အရပ်ရှည်ရှည်နဲ့အဘိုးအိုပုံ....အဲ့လူတွေထဲက ဘယ်သူက နှင်းဆီလဲမသိပေမဲ့ လာသမျှသူတွေရဲ့ ထူးခြားချက်ကတော့ သူတို့ဝတ်လာတဲ့ အဝတ်တွေက အနီရောင်ေတွကြီးဘဲဗျာ..."
"နှင်းဆီက ယောက်ျားလား မိန်းမလား ဘယ်သူဘယ်ဝါလဲဆိုတာ အင်္ဂလိပ်ကောင်တွေမပြောနဲ့ ငါတို့အဖွဲ့သားတွေတောင် မသိတာ နှင်းဆီဆိုတဲ့နာမည်ကြားရုံနဲ့တင် ဘယ်ကနေထွက်မလာမလဲ ဒီတစ်ခါရော ဘယ်သူဖြစ်မလဲ နှင်းဆီအစစ် ပါလားမလားဆိုပြီး မျက်စိဒေါက်ထောက်ကြည့်နေရတာ..."
"အဟမ်း...!!"
ထိုစဥ် အမှောင်ရိပ်အောက်မှ ချောင်းဟန့်လာသည့် အသံပိုင်ရှင်ကြောင့် အဖွဲ့သားများအားလုံး တုန်ခနဲနေအောင် ခါးတွေအလိုလိုမတ်သွားကြ၏။
အမှောင်ရိပ်ထဲမှထိုင်နေသောလူသည် မျက်နှာမမြင်ရအောင် ဂျောင်ကျသည့်တစ်နေရာကို အပိုင်ရွေးယူထားသလိုမျိုး ဟန်ချက်ညီနေသည်။ အလင်းရောင်တစ်ဝက်ကျနေသော ရင်ညွန့်မှ ခြေဖျားအထိပုံစံသည် ပိုးသားအနီရောင် ရှမ်းဝတ်စုံဝမ်းဆက်ကိုဝတ်ဆင်ထား၏။ ဖိနပ်မှာ လည်သာ ဘွတ်ဖိနပ်အနက်ရောင်ဖြစ်ပြီး ပြောင်လက်နေ၏။ ဘယ်ဘက် လက်ခလယ်တွင် နဂါးတစ်ကောင်၏ မျက်လုံးသဖွယ် ရွှေရောစပ်ထားသော ပတ္တမြားလက်စွပ်ကြီးမှာ သေးငယ်သော အလင်းရောင်အောက်တွင် တဖိန့်ဖိန့်အရောင်တောက်လျှက်ရှိ၏။ ညာဘက်ခြေကျင်းဝတ်တွင်တော့ ရွှေခြူလူရှိသော ရွှေခြေကျင်းကို ဝတ်ဆင်ထားသည်မှာ ဖြူနုသောအသားပေါ် ပနံသင့်စွာ ကမ္ဘာအဆက်ဆက်အထိ လိုက်ဖတ်လွန်းနေ၏။
"ဒီနေ့ ......" ဟု အစချီလိုက်သည့်အသံမှာ ဩဇာညောင်းခါ နားထောင်၍ အလျင်းကောင်းနေ၏။
"သစ္စာဖောက်နှစ်ကောင်ကို အပြစ်ပေးရမဲ့နေ့မှလား..."
အမှောင်ရိပ်ထဲမှ ထပ်မံ၍ပြက်သားစွာထွက်ပေါ်လာသော အသံကြောင့် ဒုလက်ထောက်ဖြစ်သည့် ထွန်းစံက ထွက်ပြေးလွတ်မြောက်သွားသည့် ကျွန်နှစ်ကောင်အား အခန်းထဲသို့ ဖမ်းခေါ်လာစေရန် အချက်ပြလိုက်၏။တဆက်တည်းမှာပင် နှင်းဆီ၏ခုံရှေ့ချထားသော ဓားအိမ်သည် အနက်ရောင်နှင့်ရွှေရောင်ရောစပ်ထားသည့်အလျောက် တလဲ့လဲ့ဖြာနေသော ရွှေရောင်အစက်အပြောက်များက ခြောက်ခြားဖွယ်ရာ တုန်လှုပ်နေကြသည်။
YOU ARE READING
My Captain (or) ဗိုလ်ကြီးရဲ့နှင်းဆီ(Complete)
Fantasyမိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.