အပိုင်း ၂၁

13.4K 916 38
                                    

ရေချိုးကန်သို့ရောက်တော့ ချီပိုးထားသော ကလေးငယ်ကို လက်ပေါ်မှချလိုက်ရင်း သစ်သားခင်းအားခင်းထားသည့် ခုံပေါ်တင်ပေးလိုက်၏။

အာဒန်မင်က ရေနှစ်ပုံးကို ဘယ်ညာနှစ်ဖက်ဆွဲမလာရင်း ခါးအထိမြင့်သော ရေအိုးဝိုင်းကြီးထဲ သွန်ချလိုက်၏။ ညိုမင်းမိုကတော့ အာဒန်မင်အားလျစ်လျုရှုလို့ မည်သည့်စကားမှမပြောပေ။

"အိမ်ရှင်တို့....ဗျို့ အိမ်ရှင်တို့...."

"လာပြီ...လာပြီ... "

ညိုမင်းမိုက နောက်ဖေးရေချိုးကန်ဘက်မှ အိမ်အရှေ့ဘက်ဆီလှမ်းအော်ရင်း အာဒန်မင်ဘက်တစ်ချက်လှည့်ကြည့်လိုက်၏။

"ကလေးကို တစ်ချက်ကြည့်ထားပေး...အိမ်ရှေ့မှာ လူလာနေလို့..."

ဆူဆူအောင့်အောင့်လေးပြောသွားသည့် ညိုမင်းမိုအား အာဒန်မင်က ပြုံးပြလိုက်ရင်း စိတ်ချဟူသော အမူအရာဖြင့် ခေါင်းတစ်ချက်ညှိမ့်ပြလိုက်၏။ ညိုမင်းမိုသည် အာဒန်မင်အား မယုံကြည်သလိုမျိုး မျက်လုံးများအားမှေးကျဥ်းလို့ကြည့်လိုက်မိသည်။

ရေချိုးရန် အင်္ကျီချွတ်ထားသည့် ဗိုက်ပူဖင်ကောက်ကလေးကလည်း ရေအိုးထဲကရေတွေကို တဗြမ်းဗြမ်း လက်နှင့် ရိုက်ဆော့နေ၏။ ထိုစဥ် အာဒန်မင်တစ်ယောက် တစ်ခုခုအားသတိရသွားသလို မျက်လုံးများအရောင်တောက်သွားကြ၏။

"အသေးလေး..."

"ဂျာ ဦးဦးနတ်သားယေး"

"ဦးတို့ဆီကနတ်သားလေးတွေ ရေဘယ်လိုချိုးလဲသိချင်လား..."

အာဒန်မင်အား တောက်ပနေသောမျက်ဝန်းတွေနှင့် စူးစမ်းကြည့်နေသော မျက်ဝန်းလေးတွေမှာ သိလိုစိတ်အပြည့်အားတွေ့လိုက်ရသည်။ အာဒန်မင်ကလည်း တစ်ချက်ပြုံးရင်း သူဝတ်ထားသည့် အပေါ်အင်္ကျီကို ချွတ်ပစ်လိုက်၏။

..........

"ဦကြီး ဦးကျော်မင်းပါလား အဘယ်ကလှည့်လာတာတုန်း..."

ရွာသူကြီးဦးကျော်မင်းကခပ်ဟဟပြုံးရင်း ဝိုင်းထဲဝင်လာ၏။

"လာရင်းကတော့  ရွာဘုံကထိန်အတွက်ပေါ့ဗျာ "ဟုဆိုလာတော့ ညိုမင်းမိုက ခုံတွင်ထိုင်ရန် ညွန်ပြတော့ ဦးကျော်မင်းက ထိုင်လိုက်၏။

My Captain (or) ဗိုလ်ကြီးရဲ့နှင်းဆီ(Complete)Where stories live. Discover now