အပိုင်း ၁၉

13.9K 969 51
                                    

ဝါးခမောက်ဆောင်းလို့ ကျွဲခေါင်းစက်ဘီးနင်းလို့ တောထဲဝင်လာသည့် ညိုမင်းမိုမှာ ဘေးဘီဝဲယာ အကုန်ကြည့်လာရင်း တစ်ခုသော ပဲခင်းရှေ့ရောက်သည်ဆိုလျှင်ဘဲ စက်ဘီးပေါ်မှ ဆင်းခါ ထောက်,ထောက်လိုက်၏။ မိန်းမလှလေးတစ်ယောက်နှင့်ပါသွားသည်ဟု သစ်ကြားသီးဆီမှ ကြားသိပြီးသကာလ ပို၍ စူးစမ်းချင်မိလာသည်မို့ လမ်းတစ်လျှောက် လိုက်ရှာခဲ့သော်လည်း အချင်းအနှီးသာ..။

"ဗျို့ သခင်ငယ်လေး..."

ညိုမင်းမို အမြန်ရပ်လိုက်ရင်း စက်ဘီးပေါ်မှဆင်းလိုက်၏။ တဖက်မှ နှုတ်ဆက်လာသည့် ဦးအေးသောင်ကြောင့် ညိုမင်းမို ပြန်လည်ပြုံးပြနှုတ်ဆက်လိုက်၏။ ဦးအေးသောင်သည် မြေပဲခင်း ​နှမ်းခင်းနဲ့ ကြက်သွန်ခင်းတို့၏ မြေကွက်ပိုင်ရှင်ဖြစ်သည့်အလျှောက် သဘောလည်း အတော်ကောင်းရှာသည်။ အလုပ်သမားများအပေါ် အလုပ်သမားလိုမဆက်ဆံဘဲ သားသမီးတွေလိုမျိုး ကျွေးမွေးပေးကမ်းတက်သဖြင့် ဦးအေးသောင်သည် ရွာထဲရှိ ရွာသူကြီးပြီးလျှင် သူ့ကို ခေါင်းကိုင်ဖခင်တစ်ယောက်အနေနှင့်လည်း သတ်မှတ်ထားသေး၏။

"ဦးလေးအေးသောင် စိုက်ခင်းထဲလားဗျ...လက်ထဲမှာလဲ တောင်းကြီးနဲ့..."

"အေးကွာ အလုပ်ကြိုးစားနေတဲ့ ကလေးတွေအတွက် နေ့လည်နေ့ခင်းလေး ခဏနားတဲ့အခါ လက်ဖက်ကလေးသုတ်ကျွေးမလားလို့လေ..."

"ကောင်းတယ် ကောင်းတယ်..."

"ဒါနဲ့ သခင်ငယ်လေးက ထူးထူးခြားခြား စက်ဘီးကြီးစီးထွက်လို့ပါလား...နွားကြောင်းထွက်တာတော့မဟုတ်လောက်ဘူးထင်ပါရဲ့"

"အမလေးဗျာ ပြောမနေနဲ့တော့ ဦးလေးအေးသောင်ရေ...နွားထက်ဆိုးတဲ့ကောင်ကို လိုက်ရှာနေတာ...အိမ်ကိုမကပ်တာ တစ်ပတ်ကျော်ပြီဗျ..."

ဦးအေးသောင်က မျက်ခုံးကြုတ်လို့ စဥ်းစား၏။ အိမ်တော်ကြီးတွင် သူအငယ်ဆုံးမှလား...။ သူ့ထက်အကြီးကိုတော့ ခေါ်မည်မဟုတ်...ဦးအေးသောင်က နှာရှုံ့ရင်း ခေါင်းကို ကုတ်ခါ "ဘယ်သူတုန်း"ဟုမေး၏။

"ဦးလေးအေးသောင်ကတော့လုပ်ပြီ..။ အိမ်မှာရောက်နေတဲ့ အင်္ဂလိပ်တပ်က ဗိုလ်ကြီးလေ..."

My Captain (or) ဗိုလ်ကြီးရဲ့နှင်းဆီ(Complete)Donde viven las historias. Descúbrelo ahora