အပိုင်း ၂၀

13K 921 33
                                    

"ကိုကို...ဟင်း...."

ပုဆိုးအတွင်းမှ လျှိုဝင်လာသော အာဒန်မင်၏ လက်တစ်ဖတ်သည် ခြေသလုံးသွယ်သွယ်များအား ဖြေးညှင်းစွာပွတ်ဆွဲလာရင်း ပေါင်သားအိအိများကို ဖြစ်ညှစ်နေ၏။ ကျန်သောလက်တစ်ဖတ်သည်လည်း ထို့နည်းတူစွာ ညိုမင်းမို၏ အင်္ကျီနောက်ကျောထဲတွင် ဟိုဟိုဒီဒီရှပ်ပြေးနေလေသည်။

အာဒန်မင်၏ကိုယ်လုံးကြီးအောက်တွင် ငါးရံ့တစ်ကောင်လို ထွန့်ထွန့်လူးနေသော ညိုမင်းမို၏ ပုံစံမှာ တချို့ကန့်သတ်နယ်မြေများတွင် ဝစ်လှစ်စလစ်များဖြစ်နေပြီး ကျားပါးစပ်ရောက်နေသော ရုန်းမရသည့် ဒရယ်လိုမျိုးပင်ဖြစ်နေလေသည်။

အသက်ရှူကြပ်လုမတက်အနမ်းခံနေရသော နှုတ်ခမ်းတို့မှာ ညှင်သာစွာ စီးမြောလာသည့် စမ်းချောင်းထဲက ပန်းတစ်ပွင့်လို ငြိမ့်ညောင်းလွန်းနေ၏။

"လွှတ်...အာဒန်မင်..အင့်.ဟင်း.."

"ငြိမ်ငြိမ်နေစမ်းပါ ကိုကိုရာ...ကျွန်တော် စိတ်ပါနေပြီ ဝင်ခွင့်ပြုမယ်မှလား..."

ဆိုရင်း ပေါင်းသားအိအိတွေကို ညှစ်နေသော လက်ကြမ်းကြမ်းတို့မှာ တစ်ထစ်ရှေ့တိုးသော် ပို၍အိစက်နေသော အသားအေးအေးလေးအား လက်ဝါးဖြင့်အုပ်ကိုင်မိလျှင် အာဒန်မင်က ခေါင်းထောင်၍ ညိုမင်းမိုမျက်နှာကိုကြည့်လိုက်မိ၏။

"ကိုကို အတွင်းခံ မဝတ်ထားဘူးလား..."

ပါးမို့မို့နှစ်ဖတ်နီနေသည့် ညိုမင်းမိုက အာဒန်မင်၏ အူကြောင်ကြောင်အမေးကြောင့် သူ့တင်ပါးသူပြန်စမ်းမိလိုက်၏။

"အင်း ပူလို့လေ..."

အာဒန်မင်၏ ပြူးဝင့်သွားသော မျက်ဝန်းများကြောင့် အငိုက်မိနေချိန် ညိုမင်းမိုများ မြင်းတစ်ကောင်နည်းတူ အာဒန်မင်အား ကန်ချပစ်လိုက်၏။ဖရိုဖရဲဖြစ်နေသည့် အင်္ကျီကိုပြန်ပြင်ခါ လုံခြည်ကို ခါးအထက်မှာ ကျစ်နေအောင် ခပ်မြန်မြန်လိမ်လိုက်၏။ ကန်အချခံထားရသော အာဒန်မင်ကလည်း ငုတ်တုပ်ကလေး ထထိုင်လို့ တခုခုကိုတွေးတောနေ၏။

တနေ့လုံးရွာထဲကို အတွင်းခံမပါဘဲ လျှောက်သွားခဲ့သည်သာမက စက်ဘီးတောင်စီးလိုက်သေးသည်တဲ့လား..။ အထိန်းတော်မပါရင် ဘယ်လောက်ခက်ခဲသလဲဆိုတာ သူသိသည်။ ဒါပေမဲ့ ကိုကိုသည် နေ့တိုင်းကို အထိန်းတော်မပါဘဲ လျှောက်သွားနေသည်တဲ့လား...။ တွေးရင်းနှင့် ခေါင်းကလည်း ပြုတ်ထွက်မတက် ခါမိသေးသည်။

My Captain (or) ဗိုလ်ကြီးရဲ့နှင်းဆီ(Complete)Donde viven las historias. Descúbrelo ahora