အပိုင်း ၁၄

17K 1.1K 33
                                    

"ငြိမ်ငြိမ်နေ..."

"ငါ ငါ မြင်းမစီးရဲဘူးကွ.."

"အဲ့တာကြောင့် ငြိမ်ငြိမ်နေလို့ မလှုပ်နဲ့..."

"ငါ မလှုပ်ဘူး မြင်းလှုပ်နေတာ.."

မြင်းပေါ်ရှိ လူနှစ်ယောက်မှာ လှုပ်စိလှုပ်စိနှင့် ကို့ယို့ကားယားဖြစ်နေကြသည်။ ဆူပုတ်ပုတ်မျက်နှာထားနဲ့ အာဒန်မင်ကို ခေါင်းနောက်လှည့်ခါ ရန်လုပ်နေတဲ့ မျက်နှာဝိုင်းနှင့်ကောင်လေးက လုံးနေတဲ့ နှုတ်ခမ်းတွေကို ဆူထော်ခါ တတွတ်တွတ်နှင့် ပြောနေသေး၏။အာဒန်မင် သဘောကျစွာ ဟက်ခနဲရယ်လိုက်ရင်း လည်ပင်းတွင် ကြီးမားစွာ ထွက်ပေါ်နေသော လည်စိအား အပေါ်အောက်စုန်ဆန်လှုပ်ခက်သွားအောင် တံတွေးတွေမြိုချလိုက်မိ၏။ ထို့နောက် မြင်းပေါ်တွင်ထိုင်နေသော ညိုမင်းမိုကို ရင်ခွင်ထဲထည့်ခါ အာဒန်မင်က အနောက်မှနေ၍ မြင်းဇက်ကြိုးကိုဆွဲထား၏။

"ကျွန်တော်တို့ သွားစရာတစ်နေရာရှိတယ်...သေချာကိုင်ထား.....ဟမ့်!..."

အာဒန်မင်က ကျွမ်းကျင်စွာ မြင်၏တင်ပါးအား ကန်ထောက်ဖြင့် လှမ်းကန်ရင်း မြင်းဇာတ်ကြိုးအား တင်းတင်းကိုင်ခါ အသံပေးလိုက်တော့ မြင်းက လျှင်မြန်စွာ ထွက်ခွာသွားတော့သည်။

အရှိန်ဖြင့်ပြေးနေသော မြင်းကြောင့် လေထဲတလူလူလွင့်နေသော ဆံပင်များအကြားမှ ထွက်လာသော နှင်းဆီဝိုင်ရနံ့သည် လေနှင့်အတူ တစ်ခါတစ်ခါ အာဒန်မင့်နှာခေါင်းထိပ်ဖြားသို့ ပျံ့နှံ့လာ​သေည်။ပူးကပ်နေသော ခန္ဓာကိုယ်နှစ်ခုမှာ မြင်း၏ခုန်ချက်ကြောင့် ပွတ်တိုက်နေကြပြီး အနွေးဓာတ်ဟာ ညိုမင်းမိုအတွက် အဆက်မပျက်ထွက်ပေါ်နေ၏။ အသားဆိုင်တွေအချင်းချင်း ထိရိုက်နေရသော်လည်း နှစ်ယောက်စလုံးမှာ မသိချင်ယောင်ဆောင်ရင်း လျစ်လျူရှုထားကြ၏။ သိပ်မကြာခင်အတွင်း သူတို့ရောက်ရှိလာသော နေရာမှာ လူသူကင်းသော အဆောက်အဦတစ်ခု၏ နံရံအရှေ့တွင်ဖြစ်လေသည်။

သူတို့မြင်းရပ်လာသည့်အခါ မလှမ်းမကမ်းက အမှောင်ရိပ်ရှေ့တွင် သူတို့လို မြင်းတစ်ကောင်အား ဇာတ်ကြိုးမှထိန်းကိုင်ထားရင်း သူတို့အားလက်လှမ်းပြနေသော လူတစ်ယောက်အားတွေ့လိုက်ရသည်။ညိုမင်းမိုက ထိုလူ၏မျက်နှာကြောင့် အနည်းငယ် မျက်မှောင်ကုတ်လိုက်မိသည်။

My Captain (or) ဗိုလ်ကြီးရဲ့နှင်းဆီ(Complete)Where stories live. Discover now