*ဤအပိုင်းသည် စာရေးသူ၏ စိတ်ကူးသပ်သပ်သာဖြစ်သည်။*
ဆိတ်ငြိမ်နေသော အခန်းငယ်အတွင်း မှိုင်းဖြော့သော ခရမ်းချဥ်သီးသဖွယ်နီရဲရဲမီးလုံးကလေး၏ပတ်ဝန်းကျင်တွင် ရွှေ့လျားနေသော အမှုန်ငယ်များကား ပျံ့ကျဲနေပြီး ထိုမီးသီး၏အောက်တွင်တော့ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာကြသော ခေါင်ဆောင်ပေါင်း ၂၀ ကျော်မှာ ထိုင်ခုံတွင်ထိုင်နေကြပြီး အခန်းထောင့်ပတ်ပတ်လည်တွင် ခေါင်းဆောင်ကိုယ်စီ၏ အထွေထွေအတွင်းရေးလက်ထောက်များရှိကြ၏။ ခုံတန်းရှည်၏ထိပ်နေရာမှ စားပွဲဝိုင်းတွင် နိုင်ငံ့အကျိုးပြု သခင်အယောက်၂၀မှရွေးချယ်ထားသော သခင်ကထိုင်ရပြီး နေရာယူရသော ခုံများသည်လည်း ကိုယ့်တံဆိပ်အမှတ်အသားနှင့်သာ ကိုယ့်နေရာကိုယ်ထိုင်ရ၏။ ထိုအထဲမှ ၃နေရာမြောက်သည် နှင်းဆီအမှတ်အသားပါ ခုံဖြစ်ပြီး ခေါင်းဆောင်နှင်းဆီ၏ နေရာဖြစ်သည်။သူ၏ မျက်နှာချင်းဆိုင် တဖတ်နေရာမှ ၃နေရာမြောက်သည် အသက်အငယ်ဆုံး ခေါင်းဆောင်အဖြစ်အရွေးချယ်ခံထားရသည့် ဥဒေါင်း၏ ဒေါင်းပျိုပုံပါ ခုံဖြစ်သည်။ ထို့အပြင် အစည်းအဝေးအားဖိတ်ကြားခံထားရသော ကျောင်းသားသမဂ္ဂ(ဗကသ) ကိုယ်စားပြုခေါင်းဆောင်တစ်ဦးနှင့်တက္ကသိုလ်ကျောင်းသားသမဂ္ဂ(တကသ) စသည့်ကိုယ်စားပြု ခေါင်းဆောင်များလည်း ပါဝင်ကြ၏။ ထို ခေါင်းဆောင်အယောက်၂၁ယောက်ပါ အဖွဲ့ကို မိုးကြိုး အဖွဲ့ဟုခေါ်ပြီး မိုးကြိုး အဖွဲ့၏ အထက်တွင်တော့ ခေါင်းဆောင် ၁၀ ဦးပါဝင်သည့် ထိပ်သီးခေါင်းဆောင်များသပ်သပ်ရှိသည့်အစည်းအရုံးတစ်ခုရှိ၏။
ယခု အစည်းအဝေး၏နေရာတွင်မူ တစ်ခြမ်းကို ၁၁ ယောက်စီနှင့် မျက်နှာချင်းဆိုင် စုဝေးထိုင်ရပြီး စုစုပေါင်း ခေါင်းဆောင်အပါ ဖိတ်ကြားခံကျောင်းသားခေါင်းဆောင်များပါဝင်သည့် အရေအတွက်မှာ စုစုပေါင်း ၂၃ ဦးဖြစ်၏...။
အင်္ဂလိပ်တို့အားတိုက်ထုတ်နိုင်ဖို့ လက်တစ်လုံးကြားအလိုတွင် ပြည်ပရောက်ခေါင်းဆောင်သခင်ငယ်မှာ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ရဲဘော်အချို့နှင့်ပညာသင်ကြားနေပြီး ပြည်တွင်းခေါင်းဆောင်သခင်ငယ်မှာ ယခုလို သခင်ငယ်များအား စည်းရုံးပြီးတစ်လလျှင် အစည်းအဝေးနှစ်ကြိမ်အား လဆုတ်နေ့နှင့်လပြည့်နေ့များတွင် ပြုလုပ်စေခဲ့သည်။ အစည်းအဝေး၏ ပင်မလုပ်ဆောင်ချက်မှာကား သတင်းအချက်အလက်များကိုသာဖလှယ်ခြင်းဖြစ်၏။
CZYTASZ
My Captain (or) ဗိုလ်ကြီးရဲ့နှင်းဆီ(Complete)
Fantasyမိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.