အပိုင်း ၁

44.7K 2.3K 209
                                    

Uni....

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ခါ မျက်စပြစ်ပြနေကြတဲ့ လူ လေး ငါးယောက်မှာ ခေါင်းတွေကိုခါလိုက် တဖန် ပြန်ညှိမ့်လိုက်နှင့် ဗြာများနေကြသည်။

ဟော ကြည့် ခေါင်းတွေထပ်ကုတ်ကြပြန်ပြီ..။

"ဘယ်လိုလုပ်မှာတုန်း.."

"မဖြစ်ဘူးရော်..သခင်ငယ်လေးရယ်.."

"နေကြစမ်းပါအုံးဗျာ...ခင်များတို့ဆိုတာကလည်း တယ်လည်းခက်ပါရော..."

မျက်မှန်ဝိုင်းလေးနဲ့ မျက်နှာဝိုင်းပိုင်ရှင်ကောင်ငယ်လေးက ထ၍ဆိုလိုက်သော် ကျန်သောသူများမှာ အီလည်လည်မျက်နှာကလေးများနှင့် ပါးစပ်ပိတ်သွားကြ၏။

"ညိုမင်းမို.... မင်း ကိုယ်လုပ်နေတဲ့အလုပ်ကဘာလဲဆိုတာလည်း တစ်ချက်ပြန်တွေးအုံး.."

"ဒါဖြင့်လည်း ကိုကိုကြီး... ကျွန်တော်တို့ တစ်ပါတည်း လက်စဖြောက်လိုက်ကြမလား"

"ဟ ဟ ..နေကြပါအုံး သခင်လေးညီအကိုတို့ရယ်... ဒီ အင်္ဂလိပ်ကောင်က ပါလီပါချပ်ထဲကဆို ထားအုံး...အကောင်ကြီးကြီးအမြှီးရှည်ရှည်ထဲကဆို ဘယ့်နှယ့်လုပ်ကြမတုန်း.."

ရွာလူကြီး ဦးဘသောင်းက ကြမ်းခင်းရှိ သင်ဖြူးဖျာတွင် ဒဏ်ရာများစွာနှင့် မေ့မျောနေသည့် အင်္ဂလိပ်လူမျိုးခြားကိုကြည့်ခါ လက်ကလေးကာလို့ ဖြောင့်ချက်ဝင်ပေးရှာသည်။

"သခင်လေးတို့..ကျုပ်တို့ ဒီလူ နိုးလာတဲ့အထိ စောင့်ကြည့်ရအောင်..."

"တစ်ခုခုထလုပ်ဖို့ ကြံရင်တော့ အရှင်လက်လက်မြေကြီးထဲ ထည့်မြှုပ်ပစ်မယ်.."

ခပ်တည်တည်ပြောလာရင်း မေးစေ့ကိုပွတ်နေတဲ့ ကောင်ငယ်လေးကြောင့် ရွာလူကြီးပင် အင်း မလုပ် အဲ မလုပ်မိ..။

အကိုဖြစ်သူ ထွန်းစံမှာလည်း ညီငယ်၏ အရေးမပါသည့်လုပ်ရက်ကို သဘောမတွေ့ချင်..။ ကမ်းစပ်မှာမေ့မျောနေသည့် ဘာလုပ်ပြီး ဘာစားသည်မှန်းမသိသည့် အင်္ဂလိပ်ကောင်ကို အိမ်ပေါ်ခေါ်တင်လာခြင်းအား မျက်စိဆံပင်မွှေးဆူးလှပါသည်။

"ကိုကိုကြီး..."

"အေး ပြော..."

"သူ့ကိုကြိုးတုပ်ထားပြီး ချီးတွင်းထဲနှစ်ထားရမလား.."

My Captain (or) ဗိုလ်ကြီးရဲ့နှင်းဆီ(Complete)Hikayelerin yaşadığı yer. Şimdi keşfedin