အပိုင်း ၃၅

9.5K 606 23
                                    

Unicode...

"မေပျို.."

"ရှင် ဒေါ်​လေးစန်း.."

"ညည်းယောက်ျား မောင်ထွန်းစံလည်း မတွေ့ပါလားအေ့...."

ထိုအခါ ဒေါ်စန်းစန်းချို၏မျက်နှာမှာ တစ်ချက်ရှုံ့ပြလိုက်ရင်း လုံမေပျိုအား မျက်စောင်းကလေးတစ်ချက်ထိုးလိုက်သေးသည်ပင်။ ဒေါ်စန်းစန်းချိုဆိုသည်မှာ လုံမေပျို့မိခင်၏ ညီမဖြစ်ပြီး အဒေါ်တော်စပ်သူဖြစ်သည်ပင်။တူမဖြစ်သူကို သီတင်းလာမေးသော်လည်း ယောက်ျားဖြစ်သူအား အနားတွင်မတွေ့ရသည်ကြောင့် ဒေါ်စန်းစန်းချိုက မျက်နှာကလေး​ေတာ့မဲ့ပြလိုက်လေ၏။

"အကိုက တောထဲဝင်သွားတယ် ဒေါ်လေးစန်းရဲ့"

"ဟယ် ! ညည်းအေ ... ဗိုက်ကြီးနာဆွဲနေတဲ့မိန်းမကို ယောက်ျားဖြစ်သူက အနားမှာအဖော်ပြုမနေဘဲ ဒင်းက ဘယ်ကို​ခြေရှည်နေရတာလဲ အံ့ဩပါ...ကြား မကြားဖူးပေါင်တော် ..."

ထိုအခါ ဒေါ်လေးဆီမှထွက်ပေါ်လာသည့် အံ့ဩရေရွတ်သံကြောင့် လုံမေပျိုက အပြုံးချိုချိုကလေးပြုံးပြလိုက်ရင်း အဒေါ်ဖြစ်သူအားကြည့်ခါဆိုလေ၏။

"ဒေါ်လေးစန်းကလည်း အကိုက အနားမှာကပ်လွန်းလို့ရယ်...တောထဲဝင်သွားတာကလည်း နွားကျောင်းတဲ့ကောင်လေးလာခေါ်လို့.. သူ့နွားတွေချောင်းစပ်ဝအထိရောက်ကုန်လို့ လိုက်သွားတာ... ဒါတောင်မလိုက်ဘဲ ပေကပ်နေလို့ မေပျိုအတင်းမောင်းထုတ်လိုက်ရတာ.."

"ဟင်း..အဲ့သလိုဆိုတော့လည်းမဆိုးလှပါဘူး..ခု ညည်းဗိုက်ကရော ဘယ်လိုနေတုန်း"

"ကလေးလေးက ခုနောက်ပိုင်း အရင်ကလောက်တအားမဆိုးတော့ဘူး ဒေါ်လေးရဲ့...ခုရက်ပိုင်းတော်တော်လေးအဆင်ပြေလာတယ်..."

မပူသေးသောဗိုက်ကလေးအား အင်္ကျီအပေါ်မှခပ်ဖွဖွပွတ်ခါ ဆိုလေတော့ ဒေါ်စန်းစန်းချိုက အကဲပိုပြနေသော တူမဖြစ်သူအား နှာရှုံ့ခါ ပြုံးလေတော့သည်။

"အေးလေ..ညည်းအဆင်ပြေတော့လဲ ကောင်းတာပေါ့ ငါက သတင်းမေးတလှည့် ဝင်လာတာ.."

အိမ်အရှေ့ကွတ်ပစ်ကလေးပေါ်မှာထိုင်ခါ သတင်းလာမေးသည့် ဒေါ်စန်းစန်းချိုမှာ စကားတစ်ဝက်ဖြတ်လိုက်ရင်း ကြွေရည်သုတ်ထားသောမြေခွက်ကလေးထဲက အကြမ်းရည်အားတဖူးဖူးမှုတ်ခါ သောက်သေး၏။ပြီးမှ မေပျိုအား စကားဆက်၍ဆိုပြန်သည်။

My Captain (or) ဗိုလ်ကြီးရဲ့နှင်းဆီ(Complete)Onde histórias criam vida. Descubra agora