အပိုင်း ၂၄

12.3K 873 22
                                    

ပျိုပျိုမဒီလေးတွေက ကားပေါ်တွင်ရှိနေသော လူသားအား သမင်လည်ပြန်ကလေးပင် ခိုးငေးသွားကြပြီး တချို့ဆို ပေါ်တင်ကျကျပင်ကြည့်သွားကြ၏။ ဒါကို ကြည့်ရင်း အသဲပေါက်လာသည့် ညိုမင်းမိုက လက်သီးများအားကျစ်ကျစ်ပါအောင်ဆုတ်ရင်း အပူပင်ကင်းမဲ့စွာ ထိုင်နေသည့် အာဒန်မင်၏ မျက်နှာဘေးအားကြည့်ခါ ထရိုက်မိချင်လာ၏။

"အာဒန်မင်..."

"အမိန့်ရှိပါ ကိုကို"

ညိုမင်းမိုက မျက်ခုံးများ တစ်ချက်ကုတ်သွားရင်းမှ သူ့ဘေးရှိလူသားအား ဝေ့ကြည့်လိုက်မိသည်။

"ဘယ်အချိန်ရှိပြီလဲ...."

အာဒန်မင်က လက်ပတ်နာရီအားငုံ့ကြည့်ရင်း အဖြေပြန်ပေးလိုက်၏။

"ညနေ ၄နာရီအတိဘဲ..."

ညိုမင်းမိုက ခေါင်းတစ်ချက်ညှိမ့်ပြခါ အိတ်ကပ်ထဲက ဆေးလိပ်ဘူးအားဖွင့်ဖောက်ရင်း တစ်လိပ်ကိုယူခါ နှတ်ခမ်းနှစ်လွှာကြားသို့ ဖိညှပ်လိုက်၏။ ထို့နောက်တွင် ဆေးလိပ်အား မီးညှိရန်အတွက် မီးခြစ်ဆံဘူးအားထုတ်လိုက်သော် အထဲတွင် မီးခြစ်ဆံများမှာကုန်နေပြီဖြစ်သည်ကို တွေ့ရှိလိုက်ရသည်။ ညိုမင်းမိုကြည့်ရင်း စိတ်ပျက်သွားရသဖြင့် ဘူးကိုလုံးချေလိုက်ရင်း အိတ်ကပ်ထဲပြန်လည်ထိုးထည့်လိုက်မိ၏။ နှုတ်ခမ်းနှစ်လွှာကြားမှ ေဆးလိပ်အဖြူလေးကို ဖယ်ခွာရန် လက်ကိုမြှောက်တင်လိုက်တော့ အရှေ့သို့ ရောက်လာသည့် မီးစာတစ်ခု.....

"ကိုကို.."

မီးငြိမ်းမည်စိုး၍ လက်တစ်ဖတ်ဖြင့်လေကာခါ ဆေးလိပ်ထိပ်ကို မီးညှိပေးလာသည့် အာဒန်မင်၏ လက်များကြောင့် ညိုမင်းမို အံ့ဩနေသော မျက်ဝန်းများနှင့် တစ်ချက်ကြည့်လိုက်မိ၏။သို့သော် ထိုလူက မထင်ထားသော အပြုအမူနှင့်အတူ နှုတ်ခမ်းကလေးကွေးညွတ်သည်ဆိုယုံမျှသာ ပြုံးနေ၏။ ညိုမင်းမို ဆေးလိပ်ကို တစ်ချက်ဆုတ်သွင်းလိုက်ရင်း မီးခိုးငွေ့များကို ဝါရင့်ကျွမ်းကျင်သူတစ်ဦးနှယ် အာခံတွင်းအတွင်းမှ မီးခိုးငွေ့များအား လှပစွာ မှုတ်ထုတ်လိုက်၏။

" အဟွတ် ဘာလုပ်တာလဲ အာဒန်မင်"

လက်ဖဝါးတစ်ဖတ်ကို ဆုတ်ကိုင်လာသည်မို့ သောက်လက်စဆေးလိပ်တစ်ဖွာပင် လမ်းကြောင်းလွဲသွား၏။

My Captain (or) ဗိုလ်ကြီးရဲ့နှင်းဆီ(Complete)Donde viven las historias. Descúbrelo ahora