အပိုင်း ၁၀

19.6K 1.2K 132
                                    

ညိုမင်းမို ထသွားပြီးနောက် အိမ်ရှေ့ကွတ်ပစ်တွင် ကျန်နေခဲ့သည်မှာ ညိုထွန်းစံနှင့် အာဒန်မင်တို့နှစ်ယောက်သာဖြစ်လေသည်။ အာဒန်မင်ကတော့ ပျော့တွဲတွဲ စေးကပ်ကပ် အပေါက်ပါသည့် မုန့်အဝိုင်းကို အနက်ရောင်အရည်တို့နှင့် အားရပါးရ တို့တို့စားနေသည်မှာ မသိလျှင် အငတ်တိုင်းပြည်မှ ခေါ်ထုတ်လာခဲ့သည့် အငတ်တစ်ယောက်နှယ်..။

"ဟေ့ကောင် အာဒန်မင်"

"ပြော.."

ပြန်ဖြေပုံက ခပ်ချေချေ..။ လေသံတစ်မျိုးပြောင်းပြန်ပြီ။

"စားနေတာ ခဏရပ်စမ်းပါ..။"

"မရပ်ပါဘူး..."

"ငါဘာဆက်လုပ်ရမလဲ ပြောပါအုံး..."

အာဒန်မင်က မျက်ခုံးကြုတ်လို့ ပါးစပ်ထဲထည့်ရန်ပြင်နေသော မုန့်လက်ကောက်အပဲ့တစ်ခုကို မစားရမည်စိုးစွာ ပါးစပ်ထဲ အမြန်ထိုးထည့်လိုက်၏။ ထို့နောက် မုန့်ကိုနှေးကွေးစွာ အရသာခံဝါးရင်း စဥ်းစားနေ၏။ ထွန်းစံကတော့ မျက်လုံးအရောင်လက်စွာ အာဒန်မင်အား အားကိုးတကြီးကြည့်လို့...

"အသားကိုမထိတထိလေးလုပ်..လွန်လွန်ကြူးကြူးတော့ မထိမိစေနဲ့နော် ခင်များ..."

"ဟာ အေးပါကွ.."

"မနက်ဖြန်ကျ သူလာရင် သူနဲ့အတူ မီးဖိုဂျောင်ဝင်ပြီး သူလုပ်မဲ့အလုပ်တွေကို ဝင်လုံး...ပြီးရင် ဘေးကနေ မထိတထိလေး အသာလုပ်နော် ကိုယ့်လူ..."

"ဟာ ငါသိပါတယ်ဆိုနေ..။ အဲ့လောက်မတုံးပါဘူးကွာ..."

အာဒန်မင်က မျက်နှာတစ်ချက်မဲ့လိုက်ရင်း မုန့်လက်ကောက်ပန်းကန်ကုန်တော့ ထိုင်ရာမှထလိုက်သည်။ သူ အိပ်ယာဝင်တော့မည်ဖြစ်၏။

"အိပ်တော့မှာလား ငါ့ကောင်ရ.."

"အွန်း...နောက်ကျမှအိပ်ရာဝင်ရင် ကိုကိုဆူလိမ့်မယ်"

အဖြေပြန်ပေးပြီး အိပ်အခန်းထဲ ခပ်မြန်မြန်ဝင်လာလိုက်သည်။ ပါးစပ်ကြီးအဟောင်းသားနှင့်ကျန်ခဲ့သည့်ညိုထွန်းစံကတော့ သူ၏ကျန်းမာသန်စွမ်းသောမေးရိုးများပင်ပြုတ်ကျကုန်သည်အထိ အာဒန်မင်လုချက်စ်အား အံ့ဩတကြီးဖြစ်နေလေရဲ့..။

My Captain (or) ဗိုလ်ကြီးရဲ့နှင်းဆီ(Complete)Opowieści tętniące życiem. Odkryj je teraz