"ကျွီ.."
မီးရောင်စုံတို့နှင့်လှပနေသော စံအိမ်ကြီးရှေ့ အရှိန်ခပ်နှေးနှေးဖြင့်ထိုးရပ်လာသော နို့နှစ်ရောင်ပြောင်လက်နေသည့်ကားကြောင့် အိမ်အပေါက်ဝရှေ့တွင်ရပ်နေသော ယောက်ျားအစေခံများက ကားတံခါးအားဖွင့်ပေးလာ၏။
ထိုနို့နှစ်ရောင်ကားပေါ်မှဆင်းလာသော အမျိုးသမီးကြီးတစ်ဦးမှာ သိုးမွှေးပုဝါတစ်ထည်ကို လက်တွင်ချိတ်လို့ လည်တိုင်တွင် ပုလဲတစ်ကုံးကိုဆွဲခါ အစိမ်းရင့်ရောင်ချိတ်ထမိန်နှင့် ရွှေလှိုင်းပါသည့် ပုံတော်ဖိနပ်အစိမ်းကို ခြေထောက်ဖွေးဖွေးထက်တွင်လှပသေသပ်စွာစီးရင်း ကားထဲမှဆင်းလာခဲ့၏။
ထို့နောက် ကားတံခါးအားပြန်မပိတ်သေးဘဲ ရပ်စောင့်နေသည့်အစေခံယောက်ျားက ကားထဲရှိ တစ်စုံတစ်ဦးအား အံ့ဩစွာငေးလျှက်ရှိ၏။နို့နှစ်ရောင်ကားထဲမှ နို့နှစ်ရောင်လိုအဆင်းရှိသောခြေဖမိုးတစ်စုံမှာ ကာကီရောင်ရွှေတံဆိပ်ပါ ဖိနပ်ဝတ်ဆင်လျှက်ရှိသည့် ခြေထောက်သွယ်သွယ်လေးတစ်ဖတ်က မြေပြင်ပေါ်နုယွစွာထိတွေ့သွားသည့်အခိုက်၌ ပထမဦးစွာဆင်းသွားသည့်အမျိုးသမီးကြီးက ကားထဲရှိလူသားအား အပြုံးလေးတစ်ပွင့်နှင့်စောင့်ကြိုနေ၏။ ထိုစဥ်ကားထဲမှထွက်လာသည့် ကာကီရောင် တိုက်ပုံအားဝတ်ဆင်ပြီး အတွင်းဝတ်အနက်ရောင်ရှပ်နှင့် သမင်ရောင်ပုဆိုးတို့အားဝတ်ဆင်ထားသည့် ငယ်ရွယ်နုပျိုလှသော အမျိုးသားငယ်လေးက တောက်ပစွာထွက်ပေါ်လာသည်ကြောင့် အိမ်ရှေ့တွင်အနည်းကျင်းရှိနေသော ဧည့်သည်တော်များ၏အာရုံကိုဖမ်းစားသွားကြ၏။ ထိုအမျိုးသားငယ်မှာ လက်သန်းတွင်ဝတ်ဆင်ထားသော ပတ္တမြားလက်စွပ်မှာ ပိုင်ရှင်အမှန်ကြောင်တလက်လက်တောက်ပလို့ ကျော့ရှင်းနေ၏။
"သားငယ်..မေမေတို့အထဲဝင်ကြမယ်.."
ပြုံးသည်ဆိုယုံကလေးသာ ခပ်ဖွဖွပြုံးပြလာတဲ့ ၁၉နှစ်အရွယ်ရှိဆယ်ကျော်သက်ကောင်လေးမှာ ထင်သလောက် အရပ်တော့သိပ်မရှည်..။ ဆွဲဆောင်မှုရှိသော မျက်လုံးကလေးများကိုသာအားပြုရင်း အိမ်ထဲသို့အကြည့်တစ်ချက်ဝှေ့ကြည့်လိုက်၏။ လှပစွာတည်ဆောက်ထားသော နန်းတော်သဖွယ်အိမ်တော်ကြီးအား ဖိတ်ကြားခံရသည်မို့ လူတိုင်းက သူ့ထက်ငါပို၍သာအောင်သာဝတ်ဆင်လာကြသော်လည်းထိုသားအမိ၏ ရိုးရှင်းသောအဝတ်များမှာ လူတိုင်းထက်ပို၍တောက်ပပြောင်လင်စွာ လက်ဝတ်ရတနာများစွာမဝတ်ဆင်ဘဲနှင့်တောင်အလွန်ကျက်သရေခညောင်းလှ၏။
BINABASA MO ANG
My Captain (or) ဗိုလ်ကြီးရဲ့နှင်းဆီ(Complete)
Fantasyမိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.