မနက်မိုးလင်းကတည်းက အိမ်တွင် ဆူညံသံများကြားနေရပြီး တစ်ခါတစ်ခါတွင် ငိုသံခပ်တိုးတိုးများသည် ညိုမင်းမို၏နားထဲ ဝင်တသ်ချက်မဝင်တစ်ချက်...။ မနက်ခင်း၏ အအေးဓာတ်က အနည်းငယ်စိမ့်တက်နေသော်လည်း နွေးထွေးမှုတစ်ခုကိုပါ ရနေသေး၏။ ညိုမင်းမို မျက်လုံးတို့ကို ကြိုးစား၍ဖွင့်သော် မြင်လိုက်ရသည့် သလင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပနေသည့် မျက်နှာတစ်စုံသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပြီး ကော့စင်းနေသည့် ရွှေအိုရောင် မျက်တောင်မွှေးများက နေရောင်အောက်တွင်တလက်လက်နှင့် လွန်စွာကြည့်၍ကောင်းနေပေသည်။ရုတ်တရက်နာကျင်လာသော ခါးအောက်ပိုင်းက စပ်ဖြင်းဖြင်းနှင့်မို့ ညိုမင်းမို၏ မျက်ခုံးတို့သည် အချင်းချင်း ထိလုနီးစွာ တိုးကပ်သွားကြ၏။ညက တော်တော်နှင့်ခရီးမပေါက်ကြသည်ကိုဘဲ မှတ်မိ၏။ သို့သော် ညိုမင်းမို အိပ်ပျော်သွားသည်ကြောင့် ကျန်အပိုင်းများကိုတော့ ဆက်၍မမှတ်မိတော့ပါချေ။
ခါးတွင် လာရောက်သိုင်းဖတ်ထားသော လက်တို့က ကျစ်လစ်သန်မာနေပြီး ညိုမင်းမိုကို ရင်ခွင်ထဲဆွဲသိမ်းထားသည့် တရားခံများသာဖြစ်လေသည်။အနည်းငယ်ရုန်း၍ ကြွက်သွားများစုနေသောလက်နှစ်ဖတ်ကြားထဲမှ ညိုမင်းမိုထွက်ရန်ကြံလိုက်သော်လည်း ပိုမို၍တင်းဖတ်လာသောလက်များမှာပို၍ ကျစ်လစ်လာကြသည်။
"အင့်..."
ယောင်ယောင်နနနှင့်ဖတ်လာသည့် လက်တွေထဲမှ ညိုမင်းမို ခပ်ဖြေးဖြေးရုန်းထွက်ရင်း အဝတ်မဲ့နေသော သူ၏ကိုယ်တွင် အဝတ်များကိုခပ်မြန်မြန်လဲလိုက်ရင်း ဖရိုဖရဲဖြစ်နေသည့်ဆံပင်များကို အနောက်သို့သပ်တင်ခါလှန်လိုက်ရင်း အခန်းထဲမှထွက်လာခဲ့၏။
အိမ်ရှေ့သို့ရောက်တော့ မိခင်ဖြစ်သူနှင့် စကားဝိုင်းဖွဲ့နေကြသောလူတစ်ချို့အားတွေ့လိုက်ရသည်။ သိချင်စိတ်ကြောင့်အနားတိုးကပ်သွားသော်ကြားလိုက်ရသည့်စကားမှာကား ညိုထွန်းစံတစ်ယောက် မေပျိုလေးကို ညကခိုးသွားတယ် တဲ့လေ..။ကိုယ့်နားကိုယ်မယုံချင်ဖြစ်နေသည့် ညိုမင်းမိုက လက်ထပ်တော့မည့်စုံတွဲဟာ ဘာကြောင့်ခိုးရာလိုက်ပြေးကြသည်လဲတိုတာကို တွေး၍မရ..။
YOU ARE READING
My Captain (or) ဗိုလ်ကြီးရဲ့နှင်းဆီ(Complete)
Fantasyမိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.