အပိုင်း ၈

21.4K 1.4K 206
                                    

ဘုရားဆွမ်းတော်ကပ်ရန် ငှက်ပြောဖက်ထုပ်ကို ဖက်ရွက်ထဲမှ အသာခွာယူရင်း ဆွမ်းတော်ကပ်သည့် ပန်းကန်ထဲ ထည့်နေသော ညိုမင်းမိုကို ခေါင်းအစ ခြေအဆုံးလိုက်ကြည့်နေသော အာဒန်မင်သည် သူစားနေသော ထမင်းဆီစမ်းကို ပစ်ပါယ်ရလောက်သည်အထိ သွားရည်တများများနှင့် အနံ့မွှေးသော ထိုမုန့်ကို စားချင်နေပုံရ၏။

ညိုမင်းမို ဘေးရှိသူ့အားအစအဆုံးတစ်ခုချင်းဆီလိုက်ကြည့်နေသော အာဒန်မင်ဆီမျက်စိဆွေကြည့်လိုက်တော့ အာဒန်မင်ကကလေးပေါက်စနလေးလို ငုတ်တုပ်ကလေးထိုင်ကြည့်နေ၏။ ညိုမင်းမိုသည်လည်း မုန့်အား  အဆုံးသတ်လိုက်သည်နှင့်တပြိုင်နက် အုန်းသီးဖွေးဖွေးများကို မုန့်ဖက်ထုပ်အပေါ် ဖြူးလိုက်၏။ စားချင်စရာက ယခုမှပင် ပို၍ ရှိသွားသယောင်..။ အုန်းသီးနံ့ကလေးကသင်းနေလေ၏။

"ကိုကို အဲ့တာဘာကြီးလဲ.."

"ငှက်ပြောဖက်ထုပ်"

"စားလို့ရမလား..."

"မရဘူး ဘုရားကို အရင်ကပ်ရမှာ.."

"ဒါမဲ့ စားချင်တယ်လေ.."

"စားချင်ရင် သွားဝယ်ပေါ့..."

"......"

အဖြေပြန်မရသည်ကြောင့် ညိုမင်းမို ပြုံးစိစိလုပ်လိုက်မိ၏။ မုန့်အသည်က ခြေလျင်လျှောက်ရောင်းသည့် အသည်ဆိုတာ သူသိသည်ကြောင့် ခုနေမှ လိုက်ဝယ်လျှင် သူ့အတွက် သောင်ပြင်ပေါ်လွှတ်လိုက်တဲ့ခွေးလိုဖြစ်နေမှာဆိုတာ....။ မျက်နှာငယ်လေးနှင့် ဘာမျှအထွန့်မတက်ရှာဘဲ ရေငုံနှုတ်ပိတ်နေပုံက အပစ်လုပ်ထားသူပမာ...

"မင်း အသုဘအိမ်တောင် ငါမသိအောင် ခိုးထွက်ရဲသေးတာဘဲ ဘာလို့ သွားမဝယ်ရဲရမှာလဲ နော့...."

"......"

ဘာအဖြေမှပြန်မရတော့သောကြောင့် ညိုမင်းမို ပြုံးနေရာကို တချက်ပြန်တည်ရင်း ကျောပေးထားခြင်းခံနေရသည့် အာဒန်မင်ဘက်လှည့်ခါ စကားပြောဖို့ပြင်၏။ သို့သော် အဦးဆုံးတွေ့လိုက်ရသည့် ခွေးပေါက်တစ်ကောင်ကဲ့သို့ မျက်နှာငယ်လေးအား ညိုမင်းမို အံ့ဩစွာမြင်လိုက်ရသည်။ သူ့အား စိတ်ကောက်​ေနသည်လား မသဲကွဲသည့် မျက်နှာ အမူအယာ...ညိုမင်းမို ပန်းကန်ကိုယူခါ ဘုရားစဥ်ဘက်လျှောက်လာသည့်လမ်းတစ်လျှောက်လုံး ​ဘာမှန်းမသိ ပြုံးနေမိပြန်သည်။ ထို့နောက်ဘုရားရှစ်ခိုးခြင်းအားအစပြုသည်။ သူ ဘုရားရှစ်ခိုးနေသည့်တစ်လျှောက်လုံး နာခံနေသည့် ခွေးပေါက်တစ်ကောင်လို ဘေးတွင် သူ့အား စားပွဲပေါ်မေးတင်၍ လူကကြမ်းပြင်ပေါ် သူထိုင်သလိုတင်ပါးလွဲလေးလိုက်ထိုင်ခါ ငေးကြည့်နေလေရဲ့..။

My Captain (or) ဗိုလ်ကြီးရဲ့နှင်းဆီ(Complete)Where stories live. Discover now