အပိုင်း ၅

24K 1.5K 212
                                    

"ကိုကို..."

"ပြော.."

"နော်"

"မရဘူး..."

စားပွဲခုံရှေ့တွင် ခြေချိတ်ထိုင်လို့ သတင်းစာထိုင်ဖတ်နေတဲ့ ညိုမင်းမိုအား အာဒန်မင် ဘေးမှ ကလေးဂျီကျနေသလို တဂျီဂျီလုပ်နေ၏။

"ဘာလို့လဲ စိတ်မချလို့လား..."

အာဒန်မင် တစ်ယောက် နှစ်အိမ်ကျော်က အသုဘရှိသော နာရေးအိမ်ကို စပ်စပ်စုစုသွားချင်နေတာဖြစ်၏။ သူနှင့်မဆီမဆိုင် သူဘာသိလို့ သူများအသုဘကို အရမ်းသွားချင်နေရသလဲဆိုတာ ညိုမင်းမိုတွေးလေ စိတ်ပေါက်လေဖြစ်၏။ ဒဏ်ရာလေး ပြန်ကောင်းခါစကို လူကအငြိမ်မနေနိုင်...အရပ်ထဲ လပ်ယားလပ်ယားနဲ့ သူ့ကိုယ်သူ ဘာကောင်ကြီးလဲဆိုတာမေ့နေပုံရ၏။ နဂိုကတည်းက ပတ်ဝန်းကျင်ဆိုတာ တစ်ဆိတ်ကို တစ်အိတ်လုပ်ပြီး ပုံးဖာမှောက်သွန် သိပ်လုပ်ချင်ကြသူချည်းသာဖြစ်သည်။

"ခင်များ...တိတ်တိတ်မနေနိုင်ဘူးလား..ကျုပ်စိတ်မရှည်တာ ခင်များသိတယ်နော်..."

"တ​စ်ယောက်ထဲမသွားဘူးလေ အကိုထွန်းစံနဲ့သွားမှာ..."

ထိုအခါ ဖတ်လက်စ သတင်းစာကို ပိတ်ပစ်လိုက်ရင်း အာဒန်မင်၏မျက်နှာကိုစေ့စေ့ကြည့်၏။

"နေစမ်းပါအုံး အသုဘအိမ်က သေသွားတဲ့ ဒေါ်စိန်ဝင်းနဲ့ ခင်များနဲ့က ငယ်ကျွမ်းဆွေတွေလား ဟမ် ဘာလို့အဲ့လောက်သွားချင်နေတာလဲ...အရပ်ထဲ ခင်များနဲ့သိတဲ့သူ ဘယ်သူရှိလဲ.. လူတွေက ခင်များကိုမြင်တာနဲ့တင် ကြောက်လန့်နေကြတာ...ပြဿနာကို မီးခွက်ထွန်းမရှာပါနဲ့လား "

ညိုမင်းမိုစကားမှာ ခေတ္တငြိမ်သက်သွားတဲ့ အာဒန်မင်မှာ တကယ်ကိုခေတ္တခဏသာ...

"ကိုယ် သူတို့ကိုမခြောက်လှမ့်ပါဘူး ဒီအတိုင်း နားလည်မှုသွားယူခဲ့ရမလား..."

"မင့်....ပြောလေ ကဲလေ..."

စိတ်တိုနေပြီဖြစ်သော ညိုမင်းမို၏ မျက်နှာဖွေးဖွေးမှာ နီဆွေးဆွေးဘက် အရောငိပြောင်းလဲလာပေသည်။

"ဒေါသထွက်ရင် ရုပ်ဆိုးတယ် မလှဘူး.."

အာဒန်မင်ဘက်မျက်လုံးကပ်လို့အကြည့်ပြန်ရောက်လာတဲ့ ညိုမင်းမိုက အောက်နှုတ်ခမ်းအတွင်းသားများကို ကိုက်ဖိထားရင်း မျက်ခုံးထူထူကလေးများကို နီးစပ်နေအောင် စုကုတ်ထား၏။

My Captain (or) ဗိုလ်ကြီးရဲ့နှင်းဆီ(Complete)Donde viven las historias. Descúbrelo ahora