အပိုင်း ၉

20.5K 1.3K 100
                                    

တစ်ညနေလုံး ရွံစရာ ချဥ်စုတ်စုတ်အနံ့ရှိသည့် ထမင်းဟင်းအကျန်များအား ကြိုပြီးနောက် အာဒန်မင် သူ့တစ်ကိုယ်လုံးအား မသတီတော့ပေ...။

"ဟေ့..."

"အား...ကိုကို အနားမလာခဲ့နဲ့ ကိုယ့်ဆီကအနံ့က တော်တော်နံနေတယ်.."

အနောက်သို့ ခြေလှမ်းတွေ ဆုတ်ပစ်လိုက်တော့ ညိုမင်းမိုက မျက်ခုံးပင့်ခါကြည့်သည်။ ထို့နောက် လက်တွေကိုပိုက်လိုက်ရင်း ဟွန်းခနဲ တချက်ရယ်လိုက်၏။

"မှတ်ပြီလား...အဲ့တာ ကိုယ်နဲ့မဆိုင်ဘဲ ဝင်ပါချင်အုံး..."

ထိုအခါ အာဒန်မင်က မျက်ခုံးတွေကိုကြုတ်ပစ်ရင်း သူ့မျက်စိရှေ့က အမြဲရန်စောင်နေသည့် ဖြူကောင်လိုသတ္တဝါပေါက်စအားကြည့်ခါ အာဂေါင်တွင်းမှ လေပူများအားမှုတ်ထုပ်ပစ်လိုက်သည်။

"ဘာလို့ ကိုယ်နဲ့ မဆိုင်တဲ့ကိစ္စဖြစ်ရမှာလဲ...ဆိုင်လို့ ကိုယ် ဝင်ပါရတာပေါ့...ဘာလို့ဆို ကိုကိုမိုလေးက ကိုယ့်အပိုင်ဖြစ်လာမှာမို့လိုလေ..."

"မင့်....!"

ပါးနှစ်ဖတ်ရဲတက်သွားသည့် ညိုမင်းမို၏ ရှက်သွေးဖြာနေပုံကိုကြည့်ခါ အာဒန်မင် လျှာသပ်မိပြန်ပြီ။

"ဟုတ်လား ကိုယ့်အပိုင်ဖြစ်ပေးမှာလား..."

"တော်တော်လေကြောရှည်တဲ့အကောင်... အထုပ်ပိုက်ပြီးပြန်တော့..."

အစကတော့ ညိုမင်းမို သူ့ကို သနားလွန်းလို့ ကြီးမြကိုပြောပြီး မုန့်လက်ကောက်လေးကြော်ခိုင်းထားတာ..။ စားပါစေတော့လို့ သနားစိတ်လေးနှင့် ဖြည့်တွေးထားသော်လည်း ခုတော့လုပ်ပုံကြောင့် မုန့်လက်ကောက်တောင်မပြောနဲ့ မုန့်ခြေကောက်တောင်မကြွေးချင်တော့တာအမှန်ပင်။ တော်တော် ရဲတင်းတဲ့ပါးစပ် တစ်ခါလောက် မှတ်လောက်သားလောက်ဖြစ်အောင် ထိုးပစ်လိုက်အုံးမည်။ အပ်နှင့်....!

"ဟင့်အင်း ဒဏ်ရာတွေမကျက်သေးဘူး မပြန်ဘူးနော် လုံးဝ မပြန်ဘူး..."

"ကောင်စုတ် တက်လည်း တက်နိုင်လွန်းတဲ့မာယာ.."

"ဟဲဟဲ...ရေချိုးမယ်.."

"ချိုးပေါ့..."

"အတူမချိုးချင်ဘူးလား.."

"မင့်...ပြောလေကဲလေ..."

My Captain (or) ဗိုလ်ကြီးရဲ့နှင်းဆီ(Complete)Donde viven las historias. Descúbrelo ahora