အပိုင်း ၁၁

17.6K 1.1K 73
                                    

ငူတူတူထိုင်ရင်း မျောက်မှိုင် လဒမှိုင် မှိုင်နေကြသော လူနှစ်ဦးအား ရေကစားပြီး ပြန်လာကြသည့် အုပ်စုက မျက်လုံးအပြူးသားနှင့်ကြည့်၏။ လေထုအခြေအနေက အနည်းငယ်အေးစက်နေသည်မို့သူတို့သုံးယောက်ပင် ကြားဝင်ဖို့နေရာမရှိ။

သိန်းတန်ကစ၍ ထစ်အ,အနှင့်စကားစ၍ဆိုလိုက်သည်။

"သခင်ငယ်လေး နှုတ် နှုတ်ခမ်းက ဘာဖြစ်တာလဲ စောစောက အကောင်းရယ်"

ညိုမင်းမို အနည်းငယ် ပူပြီးထူနေတဲ့နှုတ်ခမ်းတွေကို လက်ချောင်းများဖြင့်အုပ်ကိုင်ခါ တည်ငြိမ်သောအဖြေတစ်ခုကိုပေး၏။

"ဒါ ကျောက်တုံးနဲ့ တိုက်မိတာ.."

အဖြေကြောင့် အာဒန်မင်က မျက်လုံးဆွေကြည့်လာသော်လည်း ထိုသုံးယောက်ကမူ ညိုမင်းမို၏ အနား ပို၍တိုးကပ်နေကြ၏။

"အောင်မလေး သခင်ငယ်လေးရယ်..။သခင်မကြီးမြင်မှ ကျွန်တော်တို့အပစ်ဖြစ်နေပါအုံးမယ်.."

"သခင်မကြီးအကြောင်းလဲ သိရဲ့သားနဲ့ဗျာ.."

"ကျစ်...မင်းတို့တွေ ငါ့ဒေါ်ရွှေဥကို သိပ်ကြောက်ကြသကိုး...။ "

ညိုမင်းမိုက မိခင်ကို အမည်တပ်ခါဆိုတော့ ပါလာသည့် သုံးယောက်တင်မဟုတ် ဓားနှင့်လည်ပင်းအဖြတ်ခံရမည်ဟု အကျိန်းခံထားရသည့် အာဒန်မင်ကပါ လည်ပင်းတစ်ယားယားနှင့် ။

"ခုမှသေချာကြည့်မိတယ်ရော် သခင်ငယ်လေးရဲ့အသားအရေက အတော်လှသကိုး.."

"လှမှာပေါ့ တို့သခင်ငယ်လေးက သခင်မကြီးရဲ့ ရွှေဥ ငွေဥလေးဘဲကို..."

" ရွှေဥချင်းတူတာတောင် သခင်ထွန်းစံတောင် အဲ့လောက်မလှဘူးရော်.."

"ဒါပေမဲ့ သခင်ထွန်းစံက ညိုချောဗျ.."

"ဟုတ်ပါ့..."

ညိုမင်းမိုရဲ့ ပုခုံးကိုလှမ်းကိုင်ဖို့လုပ်နေတဲ့ စံမှည့်ရဲ့လက်ကို အာဒန်မင်က ဖြတ်ခနဲအောင် ပုတ်ချပြစ်လိုက်တော့ နာကျင်သွားသည့်အသံနှင့်စံမှည့်က ရှုံ့တွတွ....

"ဟော် မောင်ဖြူဖွေး..ကျုပ်လက်ကိုဘာလို့ရိုက်တုန်း.."

"ဗိုက်ဆာလို့လေ...အသီးဖြစ်ဖြစ် ငါးဖြစ်ဖြစ်ရလောက်မလား..."

My Captain (or) ဗိုလ်ကြီးရဲ့နှင်းဆီ(Complete)حيث تعيش القصص. اكتشف الآن