အပိုင်း ၁၆

13.8K 977 32
                                    

"ကိုကိုကြီး... ကိုကိုကြီး..."

ဖျားနေသူ၏ အသံမှာ ခါတိုင်းထက် ပိုမကျယ်နိုင်..။ လည်ပင်းများသည် အပူငွေ့ကြောင့်ခြောက်ကပ်နေကြသဖြင့် ကျယ်ကျယ်အော်လျှင် လည်ချောင်းက နာလာသည်။

"ဘာလဲ..ဘာလိုချင်လို့လဲ ကိုကို..."

အိမ်ထဲအပြေးဝင်လာတဲ့ အာဒန်မင်က ရှပ်အင်္ကျီလက်တိုကို အပြင်ထုတ်ဝတ်ရင်း မဝတ်တက်ဝတ်တက်နှင့် လိမ်ဖယ်ထားသော ပုဆိုးမှာ အဖျားတွင် ရေရွှဲလျှက်ရှိသည်။ ထုံးစံအတိုင်း ညိုမင်းမို၏ မိခင်ဖြစ်သူထံမှ အပြစ်ပေးခြင်းကို ဒင်း ခံထားရပြန်ပြီမှလား...။

မနေ့က ခေါင်တစ်ခြမ်းမီးဟပ်လို့အပေါက်ဖြစ်သွားတာရယ် ၊ မိခင်စုထားသမျှ ကြွေထည်အတော်များများ ဒင်းလုပ်လို့ ကျကွဲသွားတာရယ် ၊ သူမအလွန်ကြိုက်သော ဆတ်သားခြောက်စစ်စစ်အား ဘူမသိကိုးမသိ အချောင်းလိုက် ဆန်ပြုတ်အိုးထဲ ထည့်ပြုတ်ခဲ့တာရယ် အမှုပေါင်းပြီး ဒင်းတစ်ယောက် သေမိန့်မကျသွားတာဘဲ ကံကောင်းပေါ့....။
သတင်းကလည်း ရွာထဲ အလွန်မွှေးလှ၏။ ဒေါ်ရွှေဥ တစ်ယောက်တော့ ယခုအချိန်အခါတွင် ရွှေတောင်မဥနိုင်တော့ချေ..။ အာဒန်မင်တစ်ယောက် မနက်မိုးလင်းကတည်းက ခမောက်တစ်လုံးဆောင်းခါ ခြံထဲအပင်စိုက် မြက်နှုတ်နေရသည်။ ခုလိုကျတော့လည်း ချွေးသံတရွှဲရွှဲနှင့် သူ့ကို သနားမိပြန်သည်။

"ကိုကိုကြီးကိုခေါ်တာလေ မင်းကိုခေါ်နေလို့လား..."

"ဟဲဟဲ သူမရှိဘူး..."

စပ်ဖြဲဖြဲရုပ်နဲ့ ဆိုလာတဲ့ အာဒန်မင်ရဲ့ ဂုတ်ထောက်နေသော ဆံပင်အဖျားစတွေမှာ ချွေးများစိုကပ်နေလေသည်။ ညိုမင်းမို သူ့အား မျက်စောင်းရွယ်လိုက်မိသည်။ အဲ့နောက် အင်္ကျီချိတ်သည့်တိုင်မှ လိုတာချည်ရအောင် ချိတ်ထားမိသော ကြိုးအနီတစ်ချောင်းအားလှမ်းယူခါ အာဒန်မင်၏ ခေါင်းမှ ခမောက်ကို ဖယ်ရင်း စိုထိုင်းထိုင်း ဆံပင်များကို ထိတွေ့သပ်ကိုင်ခါ ကြိုးဖြင့် စိတ်ရှည်လက်ရှည် ချည်ပေးနေရှာသည်။ အံ့ဩသွားသလို အနည်းငယ်ဝိုင်းသွားသော မျက်ဝန်းများမှတစ်ဆင့် အာဒန်မင် ကြေနပ်သွားရ၏။

My Captain (or) ဗိုလ်ကြီးရဲ့နှင်းဆီ(Complete)Where stories live. Discover now