အပိုင်း ၃၆

9.5K 609 21
                                    

Unicode...

(ဤ အပိုင်းသည် စာရေးသူ၏ စိတ်ကူးသပ်သပ်သာဖြစ်၏။အခြေအနေတူညီမှုမရှိသော်လည်းကောင်း စစ်ပွဲအတွင်းနေထိုင်မှုပုံစံဆင်တူမှုမရှိသော်လည်းကောင်း ကြိုတင်တောင်းပန်အပ်ပါသည်။)

...............

၁၉၄၁ ခုနှစ် ဒုတိယကမ္ဘာဘာစစ်အားအစချီမည့် ကာလအတွင်းဖြစ်နေပြီး လူငယ်လှုပ်ရှားတက်ကြွမှု တော်လှန်ရေးကြီးမှာ အာရုံတက်ချိန်အစောပိုင်းအတွင်းမှပင် စတင်နေပြီဖြစ်၏။ ဗြိတိသျှနယ်ချဲ့တို့အား တော်လှန်ရန် သွေးများဆူပွက်နေသော မြန်မာ့ အမျိုးသားကောင်းအမျိုးသမီးကောင်းတို့သည် မတူညီသော စိတ်အားထက်သန်မှုတို့နှင့်အတူ ဂျပန်၏ကူညီမှုနှင့် စစ်အင်အားတောင့်တင်းနေခဲ့သည့်အခြေအနေပင်ဖြစ်လေသည်။ စစ်ကြောအတွင်းဝင်စီးရန် ခြုံခိုနေကြသော တော်လှန်ရေးတပ်မတော်သားများသည် အခြေအနေတို့အားအသင့်စောင်းဆိုင်းလျှက်ရှိ၏။ အာရုံတက်ချိန်အစောပိုင်းမို့  ဗြိတိသျှအခြေစိုက်စခန်းတစ်ခုလုံးသည် ရန်သူအဝိုင်းခံထားရသည်ကို မသိစွာ ပုံမှန်နှုန်းထားနှင့်သာလည်ပတ်လျှက်ရှိလေ၏။
အစီစဥ်အရ အနောက်ဘက်ဂိတ်မှ တပ်စောင့်လဲသည့်အချိန်မို့ အချိန်ခဏစောင့်ခါ အလစ်တိုက်ခိုက်ကန်ဖြစ်ပြီး အနောက်ဘက်ဂိတ်၏ အချက်ပေးသံကြားမှ ခြုံခို​စောင့်နေသော သူများက ဝင်စီးရန်သာဖြစ်၏။ အနောက်ဘက်ဂိတ်တွင်ရှိသောတပ်များမှာ အယောင်ပြရုံသာဖြစ်ပြီး အဓိကလှုပ်ရှားရမည့်အဖွဲ့မှာ အခြေအနေတို့အား စောင့်ဆိုင်းနေသူများသာဖြစ်လေသည်။

ထိုစဥ် အနောက်ဘက်ဂိတ်ဆီမှ လှုပ်ရှားသံများအားကြားလိုက်ရပြီးနောက် သိပ်မကြာခင်အတွင်း အချက်ပေးသံကြားသည့်အခါ ခြုံခိုနေသည့် လှုပ်ရှားသူများမှာ အသင့်ပြင်လိုက်ကြ၏။ထိုအထဲတွင် ညိုမင်းမိုက အနောက်ဘက်ဂိတ်တွင်ဖြစ်ခဲ့၏။ မိုးကညှာဦးဆောင်သည့် အဖွဲ့ ၁ များသည် အခြေစိုက်စခန်းအတွင်းသို့ကျူးကျော်နေခဲ့ကြပြီဖြစ်၏။စစ်ကြောင်း၏ အလိုအရ အနောက်ဘက်ဂိတ်ပွင့်သွားသည့်အခါ အခြေစိုက်စခန်းအတွင်းမှ ဗြတိသျှများသည် အနောက်ဘက်ဂိတ်သို့အလုံးအရင်းဦးတည်နေခဲ့ကြပေသည်။ ထိုအခါ အဖွဲ့၁မှာ ရန်သူတို့၏ အခြေစိုက်စခန်းအတွင်း အလွယ်တကူဝင်သွားခဲ့လေတော့သည်။

My Captain (or) ဗိုလ်ကြီးရဲ့နှင်းဆီ(Complete)Dove le storie prendono vita. Scoprilo ora