အပိုင်း ၆

21.8K 1.4K 171
                                    

"ဟဲ့ ညိုထွန်းစံ အိမ်မှာဘယ်သူမှမရှိကြဘူးလား အို ဟဲ့ ညိုမင်းမို..."

မေမေ့ရဲ့အရှေ့ခုနှစ်အိမ်အနောက်ခုနှစ်အိမ်အထိကြားရသော အသံကြီးကြောင့် ညိုထွန်းစံရော ညိုမင်းမိုပါ နောက်ဖေးမီးဖိုဂျောင်ထဲမှ အပြေးအလွှားထွက်လာကြ၏။

"လာပြီ အမေရေ လာပြီ..."
ညိုထွန်းစံ၏ပြာပြာသလဲထူးသံ!

အနည်းငယ်ပြည့်သည့်ခန္ဓာကိုယ်ရှိသော ထိုညီအကိုနှစ်ယောက်၏အမေဖြစ်သူသည် ရုပ်ရည်ချောမောပြေပစ်ပြီး ညိုညက်သော အသားအရည်နှင့်အတူ မျက်နှာသည် မိန်းမတို့၏ ကောင်းသောလက္ခဏာအင်္ဂါရပ်တို့နှင့်အညီ ကိုက်ညီနေသည့်ပုံစံပင်ဖြစ်လေသည်။

"ဗျာမေမေ...ပြန်လာပြီလား စောတယ်နော် .."

အမေဖြစ်သူ ဒေါ်ရွှေဥမှာ ထန်းခေါက်ဖာကြီး ခါးစောင်းပေါ်ပိုက်တင်ထားရာမှ ဘေးက အိမ်မျက်နှာစာရှိ ကွပ်ပစ်ပေါ် လှမ်းတင်ချလိုက်ရင်း မျက်မှောင်ကြုတ်၍ညီအကိုနှစ်ယောက်စလုံးအား ကြည့်လိုက်မိသည်။

ညိုထွန်းစံနှင့် ညိုမင်းမိုတို့မှာ တစ်ယောက်မျက်နှာတစ်ယောက်လှမ်းကြည့်လိုက်ရင်း မိခင်ဖြစ်သူ၏ အလိုမကျသော မျက်နှာကြောင့် အပြစ်သားများပမာ ညီအကိုနှစ်ယောက်ဟာ တစ်ယောက်နှင့်တစ်ယောက် မျက်စပစ်ပြနေ၏။ ထို့နည်း၎င်းပင် မိခင်ဖြစ်သူ ဒေါ်ရွှေဥမှာလည်း ခါးကိုထောက်လို့ သားနှစ်ယောက်၏ အပြစ်လုပ်ထားသော မျက်နှာများကိုဖမ်းမိလိုက်ပြီဖြစ်၏။

"ကဲ ဆိုပါအုံး...ဟိုးမှာရပ်နေတဲ့ ဖြူဖြူရှည်ရှည်နဲ့အကောင်က ဘာလို့ ကျုပ်ယောက်ျားအင်္ကျီတွေကို ဝတ်ထားပြီး ကျုပ်ခြံဝိုင်းထဲရောက်နေလဲ..."

ဒေါ်ရွှေဥက လက်ညှိုးညွှန်ခါ ပြောတော့ ညိုမင်းမိုရဲ့ထောင်နေတဲ့နားရွက်တွေ ေအာက်ကျသွား၏။ လှမ်းကြည့်မိတော့ သနားစဖွယ် မျက်နှာငယ်လေးလုပ်ပြနေခါ သူရပ်နေသော ကောက်ရိုးနားရှိ ကောက်ရိုးများအား ယောင်ယောင်နနနှင့်ပင် လက်ဆော့နေလေရဲ့။ ညိုမင်းမို မျက်နှာတစ်ချက်ရှုံ့ပြခါ မိခင်ဖြစ်သူဘက် ခေါင်းပြန်လှည့်လာသည်။ထို့နောက် ခပ်မြန်မြန်ပင် အဖြေတစ်ခုအား ပြန်၍ဖြေကြားပေးလိုက်တော့သည်။

My Captain (or) ဗိုလ်ကြီးရဲ့နှင်းဆီ(Complete)Donde viven las historias. Descúbrelo ahora