Extra - 1 (Oh My Virus)

15.8K 569 22
                                    

Unicode....

မှိုင်းပြပြမီးရောင်အောက်မှာ သွေးနံ့ညှီနေသော အခန်းငယ်မှာ ကျဥ်းမြောင်းလွန်းလှ၏။ ဆေးရုံသုံး ပက်လပ်ခုံတစ်လုံးပေါ် သားရည်ကြိုးဖြင့်ချုပ်နှောင်ထားခြင်းခံရသည့် ခြေထောက်နှင့်လက်များမှာ အနည်းငယ်လှုပ်ရှားဖို့တောင်နေရာမလပ်ကြပေ။ စုတ်ချာနေသောအဖြူရောင် ကျောကွဲလက်ရှည်သင်တိုင်းမှာ ခြောက်ကပ်နေပြီဖြစ်သော သွေးကွက်များက ဟိုဟိုဒီဒီစွန်းထင်းနေကြပြန်သည်။

ထိုစဥ် အခန်းငယ်အတွင်းသို့တံခါးဖွင့်ဝင်လာသည့် လူအချို့... ။ ပုံစံများမှာ ဆရာဝန်များဖြစ်ဟန်တူသော်လည်း ဆရာဝန်မဟုတ်ဟု ညွှန်းပြနေသည့် ခန္ဓာကိုယ်၌တက်ဆင်ထားသောလက်နက်များမှာအသင့်အနေအထားတွင် လူတိုင်းကသတိရှိနေကြ၏။ထိုဂျူတီကုတ်နှင့်လူများက မျက်နှာတွင်တပ်ဆင်ထားသော လေသန့်စင်မျက်နှာဖုံးများအားအောက်မှ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ခါ အချက်ပေးသလိုခေါင်းညှိမ့်ပြလိုက်၏။

တဆက်တည်းမှာပင် သူတို့ရှေ့သို့ရောက်ရှိလာသည့် လေးထောင့်ပုံးတစ်ပုံးမှာ မီးခံသေတ္တာငယ်လို လျှို့ဝှက်ကုဒ်နံပါတ်များပါရှိကြ၏။ထိုအထဲမှလူတစ်ယောက်က နေသားကျနေသောလက်များနှင့် ကုဒ်နံပါတ်အားလှည့်ဖွင့်လိုက်၏။ အဖုံးပွင့်သွားသည့်အခါ ဂျောက်ဟူသော သော့ပြုတ်သွားသံက တိတ်ဆိတ်နေသောအခန်းငယ်အားခြောက်ခြားသွားစေသယောင်...

သားရည်လက်အိတ်အဖြူအားဝတ်ဆင်ထားသည့် လူက လေးထောင်းပုံးထဲမှတရိပ်ရိပ်ထွက်ကျလာနေသည့်အဖြူရောင်ရေခဲငွေ့တွေထဲလက်နှိုက်လို့ လက်ညှိုးသာသာရှိသော ခရမ်းရောင်ပုလင်းငယ်အားထုတ်ယူလို့  သတ္ထုလင်ဗန်းတစ်ချပ်ပေါ် သတိထားစွာ ခပ်ဖွဖွတင်လိုက်၏။ ထိုအခါသတ္ထုလင်ဗန်းပေါ်တွင် ခရမ်းရောင်ဆေးပုလင်းနှင့်အတူ ဆေးထိုးအပ်တစ်ချောင်းက ကြောက်မက်ဖွယ်နေရာယူလို့နေပေသည်။

ဆေးထုတ်ယူမည့် လူက ရှေ့သို့ထွက်လာပြီး လက်အိတ်အထူအားဝတ်ဆင်လိုက်သည်။ ထို့နောက် ပုလင်းထိပ်မှအဆို့ရှင်အားဖြုတ်ယူလိုက်ပြီး ဆေးထိုးအပ်နှင့် ဆေးများအား လုံလုံလောက်စုပ်ယူရင်း တဖတ်ရှိ ကုတင်ပေါ်တွင်ကြိုးတုပ်ထားသူရှိရာဘက်လှည့်လာ၏။ ချွန်ထက်နေသောဆေးထိုးအပ်အား မီးရောင်အောက်တချက်ထောင်ကြည့်ခါ ကုတင်ပေါ်ရှိလူ၏ လည်ပင်းအကြောတွင်းထဲသို့ ထိုးဆိုက်သွင့်ထည့်လိုက်လိုက်၏။ ထိုအခါ ကုတင်ပေါ်ရှိကြိုးအတုပ်ခံထားရသည့်လူ၏ရုန်းကန်မှုမှာစတင်ဟန်ပြလာ၏။ အနည်းငယ် မြောက်တက်လာသည့်ကိုယ်က ဆွဲတင်းတုပ်ချည်ထားသောကြိုးတွေကြောင့်ထင်သလောက်တော့ ရုန်းထွက်မရပေ..။ တအင့်အင့်အော်လို့ ညည်းညူသံကြီးနှင့်အတူ အာဂေါင်ခြစ်အော်လာသည့် အသံခပ်နက်နက်ကြီးက အလုံပိတ်အခန်းငယ်အတွင်း၌သာကြားနေရပြီး အပြင်ဘကိသို့မပေါက်ကြားနိုင်..။

My Captain (or) ဗိုလ်ကြီးရဲ့နှင်းဆီ(Complete)Where stories live. Discover now