Episode - 20

555 121 46
                                    

- 🪽 -

“ ဘာလုပ်တာလဲ ? မင်းက ဒီနေရာမှာပါ ရန်ဖြစ်ချင်နေတာလား”

ဆော့ဂျင်က ဂျောင်ကုလက်ကို အကြမ်းပတမ်း ခါထုတ်ရင်းဆိုသည် ။ သို့သော်လည်း ဂျောင်ကုလက်ထဲမှ လွတ်မသွားပေ ။ ဂျောင်ကုက သွားနေရာမှ ရပ်ပြီး ပါးစောင်ကို လျှာဖြင့်ထိုးကာ ဆော့ဂျင်ကို မျက်မှောင်ကြီးကြုတ် ကြည့်သည် ။

ကန်တင်းမ်ထဲကနေ ယခု ပန်းခြံရှေ့ရောက်တဲ့အချိန်အထိ ဂျောင်ကုက ဆော့ဂျင်၏ လက်ကိုလွှတ်မပေးသေးပေ ။

တစ်လမ်းလုံးလည်း သူတို့နှစ်ဦးအား ထူးဆန်းသလို ကြည့်သွားတဲ့ လူအများကြီး ရှိနေသည် ။

“ဟွန်း~ တော်တော် ပျော်နေတဲ့ ပုံပဲနော်”

မြောက်ပိုင်းသားဟာ နှာခေါင်းကို လက်သည်းနဲ့ ကုတ်ခြစ်ရင်း ရွဲ့တဲ့တဲ့ လေသံဖြင့် ဆိုလာသည် ။

“ဒါပေါ့ အောင်မြင်နေပြီပဲဟာ ”

ထိုအခါ ဂျောင်ကုရုပ်က ပိုလို့တည်သွားသည် ။

“ မင်းအောင်မြင်တာကို ပျော်တဲ့အထိ လက်ခံထားလို့ရတယ် ရာရာနဲ့ ဝေးဝေးနေပေးပါဆိုတာကို မင်းက တွဲပြီး သရုပ်ဆောင်ထားသေးတယ် ကင်မ်ဆော့ဂျင် မင်းငါ့ကိုရွဲ့နေတာလား ဟမ်!!”

ဂျောင်ကုအသံက အဆုံးမှာ သွားကြိတ်သံအဖြစ်ပြောင်းသွား၏ ။

“ ဒါဆို ငါလည်း ပြောလိုက်မယ် မင်းညီမ ငါ့ကျေးဇူးကြောင့် လူမျိုးနွယ်တွေအထိ အောင်မြင်နေတာ မမြင်ဘူးလား shooting မှာ မင်းညီမကို သေသေချာချာ သင်ကြားပေးနေတဲ့ ဆရာက ငါပဲ! ဟေ့ကောင်ရာ မင်းမကျေနပ်လည်း မတတ်နိုင်ဘူး ငါကတော့ အနာဂတ်မှာ တောက်ပလာမယ့် မျိုးဇာတ်သစ် အနုပညာ‌ရှင်လေးတွေ အတွက်ဆို ရန်သူတွေ ဘာတွေ တွေးနေမှာမဟုတ်ဘဲ သင်ကြားပေးမှာမို့ပဲ ငါကိုယ်တိုင်လည်း အောင်မြင်ဖို့ သင်ကြားနေဆဲ~”

ဆော့ဂျင်ဖြေပုံက တည့်ပေမဲ့ ရွဲ့နေတာမျိုး ။ ထိုအခါ ဂျောင်ကု က ပါးစောင်ကို လျှာနဲ့ထိုးကာ ခေါင်းကို ဆော့ဂျင်မျက်နှာနဲ့ နီးသည်အထိ တိုးကပ်သွားသည် ။ ဆော့ဂျင်၏ ပါးကိုလက်တစ်ဖက်ဖြင့် ညှစ်လိုက်ပြီး. . .

We're not ROMEO and JULIET Where stories live. Discover now