Episode - 22

607 99 27
                                    

- 🪽 -

မေ့မြောနေသူအား ကျောက်ဖျာပေါ်တင်ပြီး အသိမဲ့နေတဲ့ Enigma ကတစ်စိမ့်စိမ့်ကြည့်နေသည် ။

အတိတ်ကို ပြန်မှတ်မိလာတဲ့အခါ သူ့ရဲ့ပထမဆုံး သူငယ်ချင်းဟာ ဒီ Alpha လေးပါလားလို့ တွေးမိတဲ့အခါ သွားစွယ်တွေပေါ်သည်အထိ ပြုံးလိုက်မိသည် ။

“ကင်မ်ဆော့ဂျင် ငါမင်းကို ဟိုးငယ်ငယ်လေးကတည်းက လိုချင်နေခဲ့တာပဲ ဟက်!”

ဂျောင်ကု၏ မျက်လုံးအရောင်မှာ အနီဖျော့ရောင်သို့ပြောင်းနေသည် ။ သူ၏ အသိစိတ်ဟာ ပုံမှန်ဖြစ်သွားလိုက် စိတ္တဇဆန်ဆန် ကြမ်းရမ်းပစ်ချင်လိုက် ဖြစ်နေသည်။ သွားစွယ်ချွန်မြမြတွေဟာလည်း  ထွက်နေပြီ ။ ဆေးက သူ့အား Rut ဝင်စေဖို့ ရာခိုင်နှုန်းအပြည့်ဖြစ်နေသည်မို့ စိတ်ရိုင်းတွေကို ချိုးနှိမ်ထားရခြင်းမှာ မလွယ်ကူလှပေ ။

သူ့အသိစိတ်တွေဟာ ဒေါသကြောင့် ပြောင်းလဲနေတာမဟုတ်ဘဲ ဆေးမိထားလို့ ပြောင်းတယ်ဆိုတာကို သိထားတော့ လွတ်ထွက်မသွားအောင် ထိန်းချုပ်ထားသည် ။ ဒါကြောင့် ရင်ဘတ်ဟာ တစ်ဆစ်ဆစ်ကိုက်ခဲနေသည် ။ ကင်မ်ဆော့ဂျင်ကို ကြည့်မိလေ ပို၍ ကိုက်ခဲလေ ဖြစ်သော်လည်း မျက်တောင်တစ်ချက်မခတ်ဘဲ ကြည့်နေမိစမြဲ ။

ခေါင်းကနေ ခြေအထိ ထပ်ကာထပ်ကာ ကြည့်နေမိသော်လည်း ကြည့်မဝ ။ နှုတ်ခမ်းတစ်စုံဆီ အကြည့်ရောက်လေတိုင်း စိတ်နှလုံးအစုံဟာ လွတ်ထွက်မတတ် ။

ခြေချောင်းမှ ‌‌ဒူးအထိ တဖွဖွနမ်းရှိုက်နေရင်းကနေ နှုတ်ခမ်းဆီသို့ မော့ကြည့်သည် ။ ထိုနေရာမှာ သူ့ရဲ့ စိတ်အလုံးစုံကို ထိန်းချုပ်ထားသည် ။

ဒါပေမဲ့ . . .ဒါပေမဲ့ ဆက်ပြီး ခံနိုင်ရည်မရှိတော့ပေ ။

နှုတ်ခမ်းအိအိကို တစ်ချက်ဆွဲစုပ်လိုက်သည် ။ ပြီးတော့ မွတ်သိပ်စွာနမ်းရှိုက်သည် ။ အောက်နှုတ်ခမ်းတုံတုံအိအိကလေးကို ဖွဖွကိုက်ကာဆွဲယူနမ်းရှိုက်တော့ သွားတန်းညီညီလေးပေါ်လာသည် ။ အသည်းယား‌စွာ ဆော့ဂျင်၏ အောက်နှုတ်ခမ်းကို ကိုက်ဖောက်လိုက်မိတော့ သွေးအရသာကို ခံစားလိုက်မိသည် ။

ဂျောင်ကု၏ အခြေအနေဟာ သွေးအရသာကြောင့် ပို၍ဆိုးသွားသည် ။ သူ့မျက်ဝန်းတွေ အလုံးစုံနီရဲသွားပြီး ဆော့ဂျင်၏ နှုတ်ခမ်းအား အမဲဖြတ်တော့သည် ။

We're not ROMEO and JULIET Where stories live. Discover now