Episode - 23

512 94 20
                                    

- 🪽 -

အုတ်တံတိုင်းမြင့်မြင့်ကာရံထားတဲ့ ခြံကြီးရှေ့ အရှိန်ပြင်းစွာထိုးရပ်သွားတဲ့ ကားအဖြူ‌လေးတစ်စီး ။

ကားထဲမှ ဒေါသတစ်ကြီးထွက်လာသူမှာ မည်သူမှမဟုတ် ကင်မ်လူကြီးမင်းပင်ဖြစ်သည် ။ နွယ်တွေဖြင့်အလှဆင်ထားသည့် အုတ်တံတိုင်းမြင့်မြင့်ကို မော့ကြည့်လိုက်ပြီးနောက် စိတ်ပျက်စွာဖြင့် အတိတ်ကိုအမှတ်ရသွားသေး၏ ။

“ဒုတိယအကြိမ် ‌ဒီနေရာကိုပြန်လာရပြီပေါ့!!”

ဝုန်းး

ကင်မ်လူကြီးမင်းသည် ခိုင်မာစွာတည်ဆောက်ထားတဲ့ သံတံခါးကို ဝုန်းကနဲမြည်ဆောင့်ကန်ပစ်သည် ။

ထိုအခါ security နှစ်ဦးက အလျင်အမြန်တံခါး‌နားရောက်လာသည် ။

“ဟေ့ကောင်တွေ မင်းတို့ရဲ့ ကြီးမြတ်လှတဲ့ ဂျွန်သခင်ကြီးကို သွားခေါ်လိုက်စမ်း!!”

“အဲ့လိုမရပါဘူး . . ဂျွန်လူကြီးမင်းက အခုချိန်အိမ်မှာမရှိပါဘူး လူကြီးမင်း ”

“ငါ့ကိုလာလိမ်မနေနဲ့ !! အခုချက်ချင်းသူ့ကို သွားခေါ်လာခဲ့ !!”

ကင်မ်လူကြီးမင်း၏ အသံမှာ ဒေါသကြောင့် ကျယ်လောင်နေပြီး သံတံခါးကိုလည်း တဒုန်းဒုန်းတဝုန်းဝုန်းဖြစ်အောင် ကန်ကျောက်နေသည် ။

“လူကြီးမင်း ဒီလိုဆက်လုပ်နေမယ် ဆိုရင် ကျွန်တော်တို့ဘက်က အင်အားသုံးရပါလိမ့်မယ် ”

Security နှစ်ဦးလုံးသည် Beta များဖြစ်ကြပြီး အရှေ့က Alpha ဟုထင်ရသော လူကြီးမင်း၏အပြုအမူကြောင့် အနည်းငယ်တော့ ခေါင်းကျိန်းနေကြသည် ။

ကင်မ်လူကြီးမင်းက မြို့တော်ဝန်ကြီးဖြစ်နေသဖြင့် သွားထိရမှာလည်း စိုးရွံနေသလို ထပ်ပြီး ကျူးကျူးကျော်ကျော်ထိပါးလာရင်လည်း သူတို့ဘက်က အင်အားသုံးမှဖြစ်တော့မည် ။

“တောက်ခ်! ဒီသောက်လူမ‌ဆန်တဲ့ မျိုးနွယ် !! ဂျွန်ဒယ်မင်း အခုချက်ချင်းထွက်လာခဲ့စမ်း သောက်အယ်လ်ဖာကောင်!! ထွီ!”

ကင်မ်လူကြီးမင်းမှာ တွေသမျှကို ကန်ကျောက်ပစ်ရင်းနဲ့ပင် ဒေါသကပို၍ထွက်လာသည် ။ သူ့လုပ်ငန်းတွေကို ထိပါးလာတာကို ဒီအတိုင်းလက်ပိုက်ကြည့်နေခဲ့တာဟာ သားလေးကို ထိခိုက်မှာစိုးလို့ပင် ။

You've reached the end of published parts.

⏰ Last updated: Sep 27 ⏰

Add this story to your Library to get notified about new parts!

We're not ROMEO and JULIET Where stories live. Discover now