Episode - 19

555 96 23
                                    

- -

မြို့တော်ကို ပြန်ရောက်ပြီးကတည်းက ဂျောင်ကုတွင်လည်း အားလပ်ချိန်ဆိုတာရှိမနေခဲ့ ။ အားကစားရာသီမို့ ဘင်ခရာအဖွဲ့တွေ ၊ ပန်းပွားအဖွဲ့တွေလည်းအငြိမ်မနေရ အတီးအမှုတ်အကတိုက်နေကြရသည် ။

ဘင်ခရာအဖွဲ့ထဲကိုတော့ သူတို့ဂီတအဖွဲ့က ဦးဆောင်ရမည်မို့ ပိုပြီးကြိုးစားလေ့ကျင့်နေကြရသည် ။ ထို့အပြင် ဂျောင်ကုက စီးပွားရေးမေဂျာရဲ့ ဘောလုံးအသင်းထဲလည်း ဝင်ထားသည်မို့ နှစ်ဖက်ခွကာ လေ့ကျင့်ရေး‌ဆင်းနေရသည် ။

ယနေ့တွင်တော့ ဂျောင်ကုတို့က ကွင်းထဲမှာလေ့ကျင့်ရေးဆင်းနေတာမို့ ဘောကိုမြတ်နိုး၊ ဘောကိုခင်တွယ်သူ မှန်သမျှလာအားပေးကြသည် ။

“ ဂျွန်ဂျောင်ကု! ဂျွန်ဂျောင်ကု! ဂျွန်ဂျောင်ကု! ရေးးး! ဂိုးသွားပြီ”

အော်ဟစ်လက်ခုပ်တီးကာ အားပေးနေကြတဲ့ အိုမီဂါအလှလေးများအား ဂျောင်ကုက အိမ်ရှေ့စံမင်းသားလေးသဖွယ် လက်တစ်ဖက်ကိုရင်ဘတ်ပေါ်တင် ၊ ခါးလေးကို ကိုင်းညွှတ်ကာ နှုတ်ဆက်သည် ။ သူ၏ နှုတ်ခမ်းတို့ထက်လည်း အပြုံးလှလှလေးဆင်မြန်းလျက် ။

“အားးးဂျွန်ဂျောင်ကု! ချစ်တယ်”

“ငါတို့မြောက်ပိုင်းမင်းသားလေး !!”

“ချွေးစက်လေးတွေကို သွားခံပြီး ဖန်ပုလင်းထဲသာ သိမ်းထည့်ထားချင်တယ် လွမ်းတိုင်းအနံ့လေးရှုရအောင်”

“နင့်ဟာကလည်း အဲ့လောက်ကြီးကျ ရရင်ငါ့လည်း တစ်ဝက်!”

Training ဆင်းရုံပဲရှိသေးတာတောင် ဂျောင်ကုပါတယ်ဆိုသည့်အသံကြားတာနဲ့ ဝက်ဝက်ကွဲနေအောင် လာအားပေးကြတာဖြစ်သည် ။ ကျန်တဲ့အဖွဲ့ဝင်များ၏ ပရိတ်သတ်ကနည်းနည်း ဂျောင်ကု၏ ပရိတ်သတ်က များများပင် ။

ဒီအချိန်ဆို ဂျောင်ကုရဲ့Locker ထဲတွင်လည်း အအေးဘူးနဲ့မုန့်တွေအပြည့် ၊ ဘောလုံးကွင်းထဲက ဂျောင်ကု ထိုင်တဲ့နေရာမှာလည်း မုန့်တွေ‌အအေးတွေဆိုတာ တနင့်တပိုး ။

“သားကြီး! မင်းဒီနှစ်ပါတာ ငါတို့တစ်သင်းလုံးတော့ ပွတာပဲ”

အမောဖြေနေတုန်း Zee ကသူ့ပခုံးကိုကိုင်ကာ အရွှန်းဖောက်လာသည် ။

We're not ROMEO and JULIET Where stories live. Discover now