Chapter 206
ကျန်းရှောင်မန်သည် စနစ်အား စမတ်ကျကျအဆင့်မြှင့်တင်ခွင့် မပေးခဲ့ချေ။ သူမက စနစ်ထံသို့ အဆင့်မြှင့်တင်သည့်ခလုတ်ကိုပေးကာ အလဲအလှယ်အနေဖြင့် သူမပြောသည်အားလိုက်နာစေရန် ရည်ရွယ်ထားလေသည်။
သို့သော် စနစ်က အဆင့်မြှင့်တင်ခဲ့သည်၊
သူက ထိုအမှတ်များအား သူ၏ဉာဏ်ရည်ကိုသုံးရင်း ရယူခဲ့ရသည်။ ပိုင်ရှင်ပါဝင်နေသော တဖတ်သတ်သဘောတူညီမှုများနှင့်ပြည့်နေသည့် စာချုပ်အားချုပ်ဆိုခဲ့ရလေသည်။
သူမအား ကလေးများကိုအနိုင်မကျင့်ခိုင်းရန်..မလုပ်ချင်သည့် ကိစ္စရပ်များအား အတင်းအကြပ်မခိုင်းရန်...သူမအား လွတ်လပ်စွာ နေထိုင်စေရန်.....
စနစ်လေးခင်ဗျာ မျက်ရည်စက်လက်ဖြင့် သဘောတူခဲ့လေသည်။
[တင်းတောင်...စနစ်၏အဆင့်မြှင့်တင်မှုပြီးဆုံးပါပြီ...ဗီလိန်စနစ် အဆင့်၂သို့ရောက်ရှိသွားပါပြီ...ပိုင်ရှင် စနစ်၏လုပ်ငန်းအား စတင်၍ စစ်ဆေးနိုင်ပါပြီ..]
ကျန်းရှောင်မန် ထိုအသံအားကြားသောအခါ ဆက်လက်အိပ်စက်ခြင်းမပြုတော့ပဲ ထကြည့်လေသည်။
ဦးဦးစနစ်က ပိုတော်လာလား...ပိုနှေးလာလား..
ရှောင်မန်က သူမ၏မိတ်ဆွေများအား အလေးထားသည့်အလျှောက် စနစ်၏ပြောင်းလဲမှုအား ကြည့်ချင်နေခဲ့သည်။
သူမသည် ဦးစွာလက်ကျန်အမှတ်အား စစ်ဆေးလိုက်သည်။ အမှတ်များက ၅၀၀၀ကျော်မှ ၂၅၀သို့ထိုးကျသွားသည်အား တွေ့လိုက်ရသောအခါ အနည်းငယ်ရှုံးနိမ့်သည်ဟု ခံစားလိုက်ရလေသည်။
"အနာဂတ်ကျရင် ပြန်ပေးဖို့မမေ့နဲ့နော်...."
"ဟမ်....."
"အခုဟာကို ပြန်ပေးရမယ်လေ...ဒါမှနောက်တခါ အမှတ်လိုတဲ့အခါကျရင် ထပ်ချေးပေးလို့ရမှာပေါ့..."
"ဒါပေမယ့် ငါ...."
"သူငယ်ချင်းအချင်းချင်း ကိုယ့်ကျင့်တရားကောင်းအောင်နေရမယ်...."
သူဒီအမှတ်တွေနဲ့ သူတို့နှစ်ယောက်သဘောတူထားတဲ့အချက်တွေနဲ့ လဲခဲ့တာမဟုတ်ဘူးလား...သူက ပြန်ပေးရဦးမှာလား...အဲ့လိုမှန်းသိရင် သဘောတူညီချက် မလုပ်ပါဘူး...
BẠN ĐANG ĐỌC
အတွဲ(၂) ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်(ကျန်းရှောင်မန်)
Tiểu Thuyết Chungအပိုင်း၁၉၂ကိုဒီက နေဖတ်ပေးကြပါနော် အပိုင်း၂၀၁ကနေစပါမယ်နော် LittleLittle one tears the villain's script ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်