Chapter 245
နောက်ဆုံးတွင် မနက်ခင်းသင်ခန်းစာများပြီးသွားပြီဖြစ်သည် ။
ယီကျားကျားလည်းလွှတ်လပ်ခွင့်ရသွားသည် သူမအမှားများအားဆရာ့ကိုဝန်ခံပြီးနောက်တွင် သူမှထိုအဖြစ်အပျက်နေရာမှအလျင်အမြန်ထွက်ပြေးလာခဲ့သည် ။
သူမလည်ချောင်းပင်ခြောက်ကပ်လာသည် ။
သူမဝမ်းနည်းနေသည့်မျက်နှာဖြင့် အတန်းထဲဝင်လာပြီး စိတ်မကောင်းဖြစ်နေသည် ။
ကျန်းရှင်းဟွား မည်သည့်အရာများဖြစ်သွားမှန်းမသိလိုက်ပေ။ ယီကျားကျား၏မျက်လုံးနှင့် နှာခေါင်းတို့သည် နီရဲနေ၍ အတန်းအရှည်ကြီးကိုစောင့်၍ဝယ်ယူခဲ့သောပဲနို့ကို ယဲ့ကျားကျားအားကြင်နာသမှုဖြင့်ပေးလိုက်သည်။
" ရော့...ဒီမှာနင့်အတွက်ပဲ ..."ယီကျားကျားသူ့ကိုကျေးဇူးတင်စွာဖြင့်ကြည့်လိုက်သည်။ သူမ၏ခြောက်သွေ့နေသည့်လည်ချောင်းအားအစိုဓာတ်ပေးပြီးနောက်တွင် ကျန်းရှောင်မန်ဆီသို့ပြေးသွားပြီး ငိုတော့သည် ။
"ဝူး…ဝူး...ဝူး ရှောင်မန် ဝူး...ဝူး...ဝူး ငါအစကသေလောက်အောင်ကြောက်သွားတာ …ငါဒီကျစ်ဆံမြီးတွေကိုစမ်းကြည့်ချင်သေးတာ.... ကျောင်းဝတ်စုံအသစ်နဲ့သာတွဲဝတ်ရင် တကယ်ကိုမိုက်သွားမှာ... ဒါပေမဲ့ ဆရာကအရမ်းရက်စက်တာပဲ... ဟိုဟာအပြစ်ပေး ဒီဟာအပြစ်ပေးနဲ့ သူကငါတို့လုပ်သမျှအကုန်ကိုအပြစ်ပေးနေတော့တာပဲ … ”
ကျန်းရှောင်မန် ရေအေးလောင်းချခံလိုက်ရသကဲ့သို့ပင် ခံစားလိုက်ရသညိ။
" နင်အဲ့လိုထပ်လုပ်ရင်... နင်အင်္ဂလိပ်အဘိဓာန်ကိုအစကနေအဆုံးထိဖတ်ရင်တောင် အသုံးဝင်တော့မှာမဟုတ်ဘူး…”" ဘာလို့လဲ ...."
အိုက်ယား...ဘာလို့လဲလို့သူကထပ်မေးချင်သေးတာလား...
ကျန်းရှောင်မန်ဆန်းကြယ်သည့် အပြုံးပြုံးကာ ပြောလိုက်သည်။
" ဘာလို့လဲဆိုတော့ ငါငယ်ငယ်တုန်းကလည်းငါ့ရဲ့ပုံပန်းသွင်ပြင်ကြောင့် ရုံးခန်းကနေခေါ်တာခံရဖူးတယ် ...""အိုး…"
ယီကျားကျား၏ကြောက်ရွံ့ဖွယ်အကြံစည်များလွှင့်ပျယ်သွားပြီး စည်းဖောက်ရန်ထပ်မကြိုးစားတော့ချေ ။
YOU ARE READING
အတွဲ(၂) ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်(ကျန်းရှောင်မန်)
General Fictionအပိုင်း၁၉၂ကိုဒီက နေဖတ်ပေးကြပါနော် အပိုင်း၂၀၁ကနေစပါမယ်နော် LittleLittle one tears the villain's script ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်