Chapter 297
သူမကထိပ်ဆုံးနေရာကိုမကြာခဏရပေမဲ့ ရဲ့ကျားကျားကတော့ ထိပ်ဆုံးအယောက်နှစ်ရာထဲသို့ရှားရှားပါးပါးဝင်လာခြင်းဖြစ်သည်။ရှားပါးသောအရာများကပို၍တန်ဖိုးရှိပြီး ဤရှားပါးသောဖြစ်ရပ်ကကောင်းသောအရာဖြစ်သည်ကိုပြောစရာပင်မလိုပေ။
ကျန်းရှောင်မန်ကသူမနှင့်စကားပြောနေရင်း website ထဲဝင်လိုက်သည်။ဒီတစ်ကြိမ်တွင် သူမကလျှို့ဝှက်နံပါတ်ကိုလျင်မြန်စွာရိုက်ထည့်လိုက်ပြီး နှောင့်နှေးခြင်းမရှိပဲ သူမ၏အကောင့်ထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။
ယဲ့ကျားကျားကစိတ်လှုပ်ရှားစွာဖြင့်မေးလိုက်သည်။
"ဘယ်လိုလဲ နင်ဘယ်နမှတ်ရခဲ့လဲ....""နှစ်မှတ်...."
"ဟမ်...."
ယဲ့ကျားကျားအံ့ဩသွားခဲ့သည်။ သူမကအံ့ဩနေရင်းနှင့်ပင် သူမ၏ဖရိုဖရဲဖြစ်နေသောဆံပင်ကိုထိလိုက်သည်။ အချိန်တွေကြာသွားသော်လည်း သူမ၏စိတ်က ၎င်းကိုသေချာမတွေးနိုင်သေးပေ။ ထို့နောက် အေးစက်သောအသက်ရှုသံတစ်ခုကသူမကိုလက်ရှိသို့ပြန်ခေါ်ဆောင်လာကာ ငိုတော့သည်။
"ဝူး ဝူး ဝူး ရှောင်မန် နင်စာမေးပွဲကျတာလား.....""ဒီကျရှုံးမှုကြီးကအရမ်းညှာတာမှုကင်းမဲ့တာပဲ ဘယ်လိုဖြစ်တာလဲ...."
ဒါကိုသာထုတ်ပြန်လိုက်ရင် တစ်ကျောင်းလုံးတင် ထိတ်လန့်သွားမှာမဟုတ်ပဲ သူမအတန်းပိုင်ဆရာက ခေါင်မိုးပေါ်မှ ခုန်ချသွားမှာကိုပင် သူမကြောက်ရသည်။
ကျန်းရှောင်မန်ပြုံးလိုက်သည်။
" ဘာသာစကားအတွက် နှစ်မှတ်နှုတ်ခံရတယ်....""အမ်...."
"ကျန်တာတွေအကုန်အမှတ်ပြည့်ပဲ...."
"!!!"
ယဲ့ကျားကျားက သူမကိုယ်ကိုယ် အရမ်းမိုက်မဲပြီး ထိတ်လန့်လွယ်သည်ဟုခံစားလိုက်ရသည်။ရှောင်မန်ကဘယ်လိုလုပ် စာမေးပွဲကျမှာလဲ...
အတန်းပိုင်ဆရာ၏ဘဝအတွက်တောင် သူမစာမေးပွဲကျတယ်ဆိုတာ မဖြစ်နိုင်သောအရာဖြစ်သည်။
ယဲ့ကျားကျားကချီးမွမ်းစကားများကိုခဏမျှပြောလိုက်ပြီးနောက် မေးလိုက်သည်။
"နင်ကဘယ်အဆင့်မှာလဲ မြို့နယ်တစ်ခုလုံးမှာထိပ်ဆုံးနေရာထပ်ရလား...."
YOU ARE READING
အတွဲ(၂) ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်(ကျန်းရှောင်မန်)
General Fictionအပိုင်း၁၉၂ကိုဒီက နေဖတ်ပေးကြပါနော် အပိုင်း၂၀၁ကနေစပါမယ်နော် LittleLittle one tears the villain's script ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်