Chapter 309
ဝမ်ဟွေဆွံ့အသွားပြီး သူမခေါင်းထဲတွင်အတွေးအပြည့်ဖြစ်သွားခဲ့သည်။ သူမမျက်ရည်များကျလာခဲ့ပြီး အပြစ်ရှိသလိုခံစားရပြီး စိတ်သောကရောက်သွားခဲ့သည်။ သူမသက်ပြင်းချလိုက်သည်။
" ထားလိုက်ပါတော့ ရပါတယ် ရပါတယ် သူမအဆင်ပြေနေသေးသရွေ့တော့ ရပါတယ်...သူမကိုပြန်ရတာနဲ့တင်အတော်လေးလုံလောက်နေပါပြီ ကျန်တာတွေကအရေးမကြီးပါဘူး..."သူမငိုလို့ပြီးသွား၍ သူမသမီးကိုတွေ့ချင်နေခဲ့သည် ထို့ကြောင့်သူမလျန့်ယွမ်ချင်းကိုခေါ်လိုက်သည် ။
" နင်ဘယ်အချိန်အတိအကျပြန်လာမှာလဲ... "
" ကလေးဘယ်မှာလဲ သူမကိုငါနဲ့စကားပေးပြောလိုက်ပါ..."
" ဘာ..."
ဝမ်ဟွေသူမ၏အသံကိုမြင့်လိုက်ပြီး ရှုံ့မဲ့စွာဖြင့်ပြောလိုက်သည်။
" အိမ်တော်ထိန်းဝမ်ပြောတယ် နင်ကသူ့ကိုအရင်ပြန်ခိုင်းလိုက်တာဆို ဒါပေမဲ့နင်ကသူမကိုပျောက်သွားခဲ့တယ် ငါ့ကလေးဘယ်မှာလဲ ငါနင့်ကိုပြောပါရစေ အကယ်၍သူမသာပျောက်သွားခဲ့ရင် ဒါရဲ့အဆုံးသတ်ကိုတောင်နင်မြင်ရမှာမဟုတ်တော့ဘူး..."လျန့်ယွမ်ချင်း၏ပါးစပ်ထဲတွင််ခါးသီးမှုအပြည့်ဖြစ်နေခဲ့သည်။ သူကကျန်းရှောင်မန်မိသားစုမည်သည့်နေရာသို့သွားလဲဆိုသည်ကိုဝမ်ဟွေထက်တောင်ပို၍သိချင်နေခဲ့သည် ။
" ဝမ်ဟွေ အရမ်းစိတ်မထိခိုက်မနေပါနဲ့... "
လျန့်ယွမ်ချင်းသူ၏မျက်လုံးကိုမှေးလိုက်ပြီး ပြောလေသည်။
" ငါလည်းအဲဒီ့လိုမဖြစ်စေချင်ပါဘူး ဒါပေမဲ့အဲဒီ့မိသားစုကဘာတစ်ခွန်းမှမပြောပဲ သူမကိုအဝေးကိုခေါ်သွားတာလေ... သူတို့မှာဖုံးကွယ်ထားတဲ့စိတ်ရင်းရှိနေမှာငါကြောက်တယ် ငါပြောတာနားထောင်ပါ... အကယ်၍ တစ်စုံတစ်ယောက်ကမင်းဆီလာခဲ့ရင် သူတို့ဘာပဲပြောပြော မင်းငါ့ဆီကိုအရင်လာခဲ့သင့်တယ် ပြီးမှငါတို့အတူတူဆွေးနွေးကြတာပေါ့ အခုခေတ်မှာလူတော်တော်များများက သူတို့တစ်ခုခုကိုလုပ်လိုက်တယ်ဆိုတဲ့ခံစားချက်ကြီးနဲ့ ဆုငွေတွေလိုချင်နေကြတာလေ..."ဝမ်ဟွေရူးနှမ်းမတတ်ဖြစ်သွားပြီး စူးစူးဝါးဝါးဖြင့်အော်ချလိုက်သည်။
" ဒီခွေးကောင်ကတော့ ငါဂရုမစိုက်ဘူး နင်သူမကိုပြန်ခေါ်လာခဲ့ရမယ်..."
ESTÁS LEYENDO
အတွဲ(၂) ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်(ကျန်းရှောင်မန်)
Ficción Generalအပိုင်း၁၉၂ကိုဒီက နေဖတ်ပေးကြပါနော် အပိုင်း၂၀၁ကနေစပါမယ်နော် LittleLittle one tears the villain's script ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်