Chapter 221
" ပိုင်ရှင် အနားယူဖို့အချိန်ရောက်နေပြီလေ.... လိမ္မာတဲ့ကလေးမလုပ်တော့ဘဲ အဆိုးဝါးဆုံး ဗီလိန် တစ်ယောက် ဖြစ်အောင်လုပ်မယ်လို့ ကြုံးဝါးထားတာနော်...."
ရှောင်မန် ကတိုးတိုးလေးရေရွတ်လိုက်သည် ။
" ဟုတ််တယ် အဆိုးဝါးဆုံး နဲ့ ကြောက်စရာအကောင်းဆုံး ဗီလိန်တစ်ယောက်ဖြစ်လာမှာ...."စနစ် "........"
အဲ့တာဆို အခုဘာတွေလုပ်နေတာလဲ....
အခုလုပ်နေတာတွေက သူမလိမ္မာတဲ့ကလေးတစ်ယောက်ဖြစ်တုန်းက အပြုအမူနဲ့ ဘယ်နေရာကများကွာခြားနေလို့လဲ.....
ရှောင်မန် ကလေးလေးနက်နက်ပြန်ပြောလိုက်သည်။
" ဒါပေမဲ့ သမီးက အခုမှ မူလတန်း ဘဲရှိသေးတယ် လေ .... သမီးဖေဖေက ကောလိပ်အထိရောက်ခဲ့တာ သမီးကောလိပ်ထိမရောက်ရင် ဘယ်လိုလုပ်သူ့ထက်သာမှာလဲ သမီးပိုပြီး ကြောက်စရာကောင်းတဲ့ ဗီလိန် ဖြစ်လာဖို့ ဒါကအဓိကလိုအပ်ချက်ဘဲ....."
စနစ် "......."
သူမပြောတာမှန်တယ်ထင်ပေမဲ့ ဘာလို့တစ်ခုခုလွဲနေသလိုခံစားနေရတာပါလိမ့်....
ကျန်းရှောင်မန် ကထပ်ပြောလိုက်သည် ။
" သမီးက ပိုကြိုးစားပြီး သူများတွေထက်သာအောင်ကြိုးစားရမယ် အဲ့ဒါမှ ဗီလိန် တွေထဲမှာလည်းအတော်ဆုံးဖြစ်မှာ ...."
" ဒီနေ့က စပြီး ပိုကြိုးစားရမယ်...."
ကျန်းရှောင်မန် အကြောဆန့်လိုက်သည် ။ သူမနောက်ဆုံးတော့အိမ်စာတွေပြီးကာ အိပ်လို့ရပြီဖြစ်သည် ။
" သမီးက ဖေဖေ့ထက် ပိုကောင်းတဲ့ တက္ကသိုလ်မှာ တက်ရမယ်... ဒါမှသူက သမီးကိုအနိုင်ကျင့်လို့မရမှာ သမီးကတောင် သူ့ကိုပြန်ပြီး အနိုင်ကျင့်နေနိုင်ဦးမှာ ....."
" ပိုင်... ပိုင်ရှင်...."
စနစ်က ပထမ ပြောမည့်စကားများကိုပြန်မြိုချကာ ပြောလိုက်သည် ။
" ပြောတာကမမှားပါဘူး ...."
သူမတကယ် အနိုင်ကျင့်နိုင်ဖို့ဘဲမျှော်လင့်မိသည် ။
YOU ARE READING
အတွဲ(၂) ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်(ကျန်းရှောင်မန်)
General Fictionအပိုင်း၁၉၂ကိုဒီက နေဖတ်ပေးကြပါနော် အပိုင်း၂၀၁ကနေစပါမယ်နော် LittleLittle one tears the villain's script ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်