အတွဲ(၂) ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်(ကျန်းရှောင်မန်)

1.3K 84 1
                                    

Part 335
Sue Xing NwayNovember 28, 2022
Chapter335

လျှို့ရွှမ် တူညီသောမုန်းတီးမှုကို ချက်ချင်းမျှဝေလိုက်သည်- [စိတ်ပျက်စရာကောင်းလိုက်တာ... 】

လျန့်စီယု : [အဲလို မပြောပါနဲ့..ဒီကျောင်းကို ဝင်ခွင့်ရဖို့ သူအရမ်းကြိုးစားခဲ့တာ...ကျေးဇူးပြုပြီး သည်းခံပေးပါဦးနော် ]

လျှို့ရွှမ်က ပို၍ပင် အထင်သေးသွားသည်။

[ဒီလိုလူမျိုးကို ငါ နားမလည်နိုင်ဘူး...ကျောင်းကိုလာပြီး ကောင်းကောင်းလည်း စာမသင်...ဘာမှမလုပ်ဘဲ ဒါတွေချည်း လုပ်နေတာမကောင်းဘူးလေ... အရင်းအမြစ်တွေကိုဖြုန်းတီးနေတာပဲ... စစ်ယု စိတ်မကောင်းမဖြစ်နဲ့ အတန်းပြီးသွားရင် ထမင်းစားခန်းကိုသွားပြီးတော့ ဝက်နံရိုးချိုချဥ်ကြော် မှာလိုက်ကြစို့~~]

လျန့်စစ်ယု : [ကောင်းတယ်]

နေ့လယ်ပိုင်း နောက်ဆုံးအတန်းချိန်ပြီးသည့် နောက်မှာ ဆရာမက အမိန့်ပေးပြီးနောက် ကျောင်းသားတွေ အားလုံး မြင်းရိုင်းတွေလို ယမျိုး ထမင်းစားခန်းဆီ တန်းနေအောင်ဒုန်းဆိုင်းကြသည်။ လူတိုင်း ဗိုက်ဆာပြီး အော်ဟစ်နေတာမဟုတ်ကြသော်လည်း နောက်ကျသွားလေပြီ။ အကြိုက်ဆုံး ဟင်းပွဲတွေ ကုန်သွားပြီ။

ယွီချင်းရှီတွင် သိမ်းစရာ ပစ္စည်းနှင့် ဖတ်စာအုပ်များ မရှိပါချေ။ ခေါင်းလောင်းသံကြားသည်နှင့် ချက်ချင်းထရပ်ပြီး ထွက်ပြေးသွားတော့သည်။

ကျန်းရှောင်မန် : “…”

ကလေး မွန်းနေပြီ...လွှတ်ပေးလိုက်ပါ...

ရှည်လျားသောခြေထောက်များနှင့် အပြေးမြန် ခြင်းကို အခွင့်ကောင်းယူပြီး ယွီချင်းရှီနောက်ဆုံးတွင် ထမင်းစားခန်းသို့ ဦးစွာပြေးသွားခဲ့၏။ သို့သော်လည်း ဝက်နံရိုးချိုချဥ်က မည်သည့်စားသောက်ဆိုင်တွင်မဆို လူကြိုက်အများဆုံးဖြစ်ပြီး ယခုအချိန်၌ လူတန်းရှည်ကြီး ရှိ၍နေသည်။

စကားတစ်ခွန်းမှ မပြောဘဲ သူတန်းစီနေလိုက်သည်။

အချိန်အတော်ကြာစောင့်ဆိုင်းပြီးနောက်၊ နောက်ဆုံးတွင် ယွီချင်းရှီ၏အလှည့်သို့ရောက်ရှိလာခဲ့၏။

အတွဲ(၂) ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်(ကျန်းရှောင်မန်)Donde viven las historias. Descúbrelo ahora