Chapter 286
နောက်ပိုင်းတွင် ယွီချင်းရှီ၏ငယ်သွားများလည်းစတင်ကျိုးလာပြီဖြစ်ပြီး သူ၏ရှေ့သွားများလည်း ကျိုးခါနီးပြီဖြစ်သည် ။
သူအလွန်ကြောက်ရွံနေခဲ့ပြီး အချိန်အတော်ကြာသည်အထိ လျို့ဝှက်စွာဖြင့်ငိုနေခဲ့သည်။ ထမင်းစားနေရင်းဖြင့် မတော်တဆမျိုချမိသွားမည်ကို အမြဲကြောက်နေခဲ့သည် ။
သူ၏အဖေက စစ်ဆေးကြည့်ရန် သွားဆရာဝန်ကိုခေါ်လိုက်သည်။ သို့သော် ထိုအချိန်တုန်းကယွီချင်းရှီမှာ များသောအားဖြင့် ဆရာဝန်များကိုခုခံလေ့ရှိသည်။ သူ စိတ်ရောဂါကုဆရာဝန်များကို ခုခံခဲ့ပြီး သွားဆရာဝန်ကိုလည်းခုခံခဲ့သည်။ သူတို့ဆရာဝန်တွေနှင့် ဆက်နွယ်နေသရွေ့ ယွီချင်းရှီအတိုက်အခံလုပ်ပြီး သည်းခံနိုင်စွမ်းဆုံးရှုံးနေရသည် ။
နောက်ပိုင်းတွင် ကျန်းရှောင်မန် ယွီချင်းရှီ၏ပါးစပ်ကိုဆွဲဖွင့်ထားပြီး သူ၏သွားကိုဆွဲထုတ်ပေးလိုက်ခြင်းဖြင့် ထိုကိစ္စကိုအဆုံးသတ်နိုင်တော့သည် ။
သူမတစ်ကယ်ကိုရဲရင့်လေသည် ။
ထိုအချိန်တွင် ယွီချင်းရှီ၏ပါးစပ်သည်သွေးအပြည့်ဖြစ်ပြီး သူ့ပါးစပ်ကိုအုပ်ထားရင်းဖြင့်သူမကိုတုန်လှုပ်စွာကြည့်လိုက်သည်။ ကျိုးသွားသည့် သူ၏သွားအတွက် ဝမ်းနည်းစွာဖြင့် မျက်ရည်များ ကျနေခဲ့သည် ။
ကျန်းရှောင်မန်အလွန်ဂုဏ်ယူပြီး မိမိကိုယ်ကိုအထင်ကြီးနေလေသည်။ သူမသူ့ကိုရယ်ပြီး ပြောလိုက်သည်။
" အရူး နင်ဒါလေးကိုတောင်ဂရုမစိုက်နိုင်ဘူး...ငါ့သွားကိုငါ့ဘာသာငါဆွဲထုတ်တာ ပြီးတော့အဲဒီ့လိုလုပ်တဲ့နေရာမှာငါကအရမ်းတော်တယ်လေ...ငါ့ဘွားဘွားကပြောတယ် သွားကိုအပေါက်သေးသေးလေးထဲမှာ ထားသင့်တယ်တဲ့.... ပြီးရင်ကြွက်ကိုတိုးတိုးလေးပြောပြီးအဝေးယူသွားခိုင်းရမယ် ဒါဆိုသွားအသစ်တွေပေါက်လာတဲ့အချိန်ကျရင် ခိုင်ခံပြီးလှနေလိမ့်မယ်တဲ့..."ယွီချင်းရှီ သူမကိုကြောင်တောင်တောင်ဖြင့်ကြည့်နေခဲ့ပြီး သူ၏ပါးစပ်ထဲမှသွေးတွေထွက်ကြနေသောကြောင့် သူရှင်းရှင်းလင်းလင်းမပြောနိုင်ပေ။
" ဘာလို့လဲ... "
YOU ARE READING
အတွဲ(၂) ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်(ကျန်းရှောင်မန်)
General Fictionအပိုင်း၁၉၂ကိုဒီက နေဖတ်ပေးကြပါနော် အပိုင်း၂၀၁ကနေစပါမယ်နော် LittleLittle one tears the villain's script ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်