255
၎င်းတို့နှစ်ယောက်တွင် အပြန်အလှန်နားလည်နိုင်စွမ်းရှိသည် ။
ယဲ့ကျားကျားမှနေ၍ အစပျိုးပြီးပြောလေသည်။
" ဘယ်လိုပဲဖြစ်ဖြစ် ငါလည်းကုန်မှာမဟုတ်ဘူး... ဒီတော့ငါနင့်ကိုပေးလိုက်ပါမယ်..."" အင်း..."
ယဲ့ကျားကျားကို နတ်သမီးငယ်လေးတစ်ပါးဟုပင်တွေးမိသွားသည် ။ယဲ့ကျားကျား လှီးထားသည့်မုန်လာဥနီများ အသီးအရွက်များကို ကျန်းရှင်းဟွားပန်းကန်ထဲသို့ထည့်ပြီးနောက်တွင် ရပ်လိုက်တော့သည် ။
သူမ ကြက်ခြေထောက်ကိုညာဘက်လက်ဖြင့်တစ်ချောင်း ဘယ်ဘက်လက်ဖြင့်တစ်ချောင်းကိုင်၍ စားရန်ပြင်လိုက်တော့သည် ။
ကျန်းရှင်းဟွား "……"
သူ သူ၏မုန့်ဗန်းကိုတိတ်ဆိတ်စွာဖြင့်ကြည့်လိုက်ပြီး မည်သည့်စကားမှမပြောတော့ပေ။ ယဲ့ကျားကျား၏တကျပ်ကျပ်လုပ်နေသံကိုသာ တိတ်တိတ်ဆိတ်ဆိတ်စားရင်းဖြင့် နားထောင်နေခဲ့သည် ။
ယဲ့ကျားကျားမှနေ၍
" အရမ်းလွန်နေပြီ…ငါတော့ယွီချင်းရှီမှာပြဿနာတစ်ခုခုရှိတယ်လို့ထင်တယ် "" ဘာလို့လဲ...ဘာပြဿနာလဲ " ဟုကျန်းရှင်းဟွားမေးလိုက်သည် ။
" နင်မတွေးမိဘူးလား... သူ မကြာသေးခင်လောက်ထဲက ကျန်းရှောင်မန်နဲ့ထူးထူးခြားခြား အရမ်းနီးကပ်နေတယ်လို့လေ... ”
ကျန်းရှင်းဟွားတစ်ခဏစဥ်းစားကြည့်ပြီးနောက်တွင် ရိုးသားစွာဖြင့်ပြောလေသည်။
" သူတို့က သူငယ်တန်းထဲကအရမ်းရင်းရင်းနီးနီးကပ်ကပ်နေကြတာပဲလေ... သူတို့ကရင်းနီးရုံတင်မဟုတ်ဘူး သူတို့နေတဲ့နေရာကလည်းတစ်ယောက်နဲ့တစ်ယောက်ကပ်နေတာပဲလေ …”"..." ယဲ့ကျားကျားသူ့ကိုစိုက်ကြည့်လိုက်သည်။
" ယောကျာ်းလေးတွေက သတိမမူတတ်ဘူးလို့ လူတွေပြောကြတာလည်းအံသြစရာတော့မရှိပါဘူး...ဒီလိုမျိုးသိသာထင်ရှားနေတဲ့အရာကိုတောင်နင်မမြင်ရဘူးလား…""...ဟမျဘာကိုလဲ..."
" အရင်ကဆိုရင်... ငါတို့လေးယောက်လုံး အရာရာကိုပုံမှန်အတူတူလုပ်ကြတယ်လေ... သိပ်မကြာခင်တုန်းကထိတောင် ငါတို့လေးယောက်လုံးအရာရာတိုင်းကိုအတူတူလုပ်နေကြပဲကို..."
أنت تقرأ
အတွဲ(၂) ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်(ကျန်းရှောင်မန်)
قصص عامةအပိုင်း၁၉၂ကိုဒီက နေဖတ်ပေးကြပါနော် အပိုင်း၂၀၁ကနေစပါမယ်နော် LittleLittle one tears the villain's script ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်