Chapter 312
စနစ်ကရှင်ခြင်းနှင့်သေခြင်းအကြောင်းတောက်လျှောက်ပြောနေခဲ့ပြီး ၎င်းကအသက်ရှည်ရှည်နေနိုင်လျင် ပို၍ပြန်ခွင့်များပုံပေါက်နေသည် ။
မည်သို့ပင်ဖြစ်စေ ထိုဇာတ်ကွက်ပြင်ဆင်သည့်ကတ်က ရှားပါးသည့်အရာဆိုတာကိုပြနေသည့်အပြင် ပွိုင့်များထက်လည်းပို၍အရေးကြီးလေးသည် ။
ပွိုင့်များကိုမကြာခဏသုံးနိုင်ပေမဲ့ ဇာတ်ကွက်ပြင်ဆင်သည့်ကတ်ကတော့မဟုတ်ပေ ။
" ကောင်းပြီလေ...."
ကျန်းရှောင်မန်လျင်မြန်စွာဖြင့်သူမ၏စိတ်ကိုပြင်ဆင်လိုက်ပြီး သူမမည်သို့လုပ်သင့်သည်ကိုသိလေသည်။
" သမီးလက်ခံပါ့မယ် ..."စနစ်အကြိမ်အနည်းငယ်မျှ ကိုကြွေးလိုက်ပြီး သူမကိုမျက်နှာချိုသွေး၍ပြောလေသည်။
" မင်းကအရမ်းကြင်နာတာပဲ ပိုင်ရှင်...ငါမင်းကိုအချစ်ဆုံးပဲ..."" မုန်းစရာကြီး..."
" ချစ်စရာလေး..."
" ဦးဦးကစိတ်အနှောင့်အယှက်ဖြစ်ရာကောင်းလိုက်တာ ..."
"..."
စနစ် ၎င်းကိုယ်တိုင်ပဲပါးစပ်ပိတ်လိုက်ပြီး စကားထပ်မပြောတော့ပေ ။
သို့ပေမဲ့မည်သို့ပင်ဖြစ်စေ ပိုင်ရှင်တွင်အလုပ်လုပ်ချင့်သည့်စိတ်ဆန္ဒရှိတာကကောင်းလေသည် ။
အလိုလိုက်ခံထားရသည့်ကလေးတစ်ယောက်လိုပြုမှုခြင်းအားဖြင့် ပိုင်ရှင်ကိုခြောက်လန့်ရတာခံစားလို့ကောင်းလေသည် ။
ကျန်းရှောင်မန်ဟိုတယ်ခန်းအသေးလေးထဲသို့ပြန်လာသည့်အချိန်တွင် ညနေခင်းဖြစ်နေပြီဖြစ်သည်။ ယခုလေးတွင် ကျန်းဟွေ့မိန်နှိုးလာခဲ့ပြီး စိတ်အခြေအနေကောင်းမွန်နေခဲ့သည်။
သူမအိပ်ယာပေါ်တွင်အနားယူနေခဲ့ပြီး မည်သည့်နေရာမှရောက်လို့ရောက်လာမှန်းမသိသည့် လက်ကမ်းစာစောင်ကိုကိုင်ထားပြီး သူမမျက်လုံးများသည်စိုးရိမ်ကြောင့်ကြမှုများကြောင့်ပင် နီရဲနေခဲ့သည် ။ထို့ပြင်ကျန်းရှင်းကလည်းမီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေခဲ့ပြီး ကျန်းဟွေ့မိန်အတွက်စွပ်ပြုတ်လုပ်ပေးရန်စီစဥ်နေခဲ့သည်။ သို့သော်လည်း သူ၏ဟင်းချက်စွမ်းရည်ကမတိုးတတ်လာသေးပေ။ သူကချွေးထွက်သည့်တိုင်အောင် အလုပ်ရှုပ်နေခဲ့ပြီး ကျန်းရှောင်မန်ကသာသူ့ကိုကယ်တင်ရန်ရောက်လာခဲ့သူဖြစ်သည် ။
YOU ARE READING
အတွဲ(၂) ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်(ကျန်းရှောင်မန်)
General Fictionအပိုင်း၁၉၂ကိုဒီက နေဖတ်ပေးကြပါနော် အပိုင်း၂၀၁ကနေစပါမယ်နော် LittleLittle one tears the villain's script ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်