Chapter 243
ကျန်းရှောင်မန်ဒေါသထွက်နေသည် ။
သူမက သဘောထားကြီးသူတစ်ယောက်ဖြစ်၍ သူမ သူ့ကိုအတန်းချိန်တစ်ချိန်စာသာစိတ်ဆိုးပြီး အတန်းပြီးသွားလျင်ခွင့်လွှတ်ပေးလိုက်မည်ဟုဆုံးဖြတ်လိုက်သည် ။
သူတို့ဘေးပတ်ပတ်လည်ရှိ လူများက တိတ်ဆိတ်နေပြီးဖြစ်သည် ။
ယွီချင်းရှီစတော်ဘယ်ရီနို့ဘူးကိုလက်ဖြင့်ထိလိုက်ပြီး နွေးနေသည်ကိုရေးရေးလေးခံစားမိလိုက်သည် ။
သူပိုက်ကိုဖယ်၍ တစ်ကျိုက်တည်းမော့ချလိုက်သည်။
" ကျေးဇူးပဲ ငါအရမ်းကြိုက်တယ် ...."" ရပါတယ် "
ကျန်းရှောင်မန် ယခုပျော်ရွှင်သွားပြီ၍ သူ့ကိုချက်ချင်းပင် ခွင့်လွှတ်ရန်ဆုံးဖြတ်လိုက်သည် ။
_
နှစ်ယောက်သားပြန်၍ သင့်မြတ်သွားပြီး ကျောင်းဆင်းသည့်အချိန်တွင် အိမ်ကိုအတူတူပြန်ခဲ့ကြသည် ။
ကျန်းရှင်းက ကျန်းရှောင်မန်အလယ်တန်းကျောင်းစတတ်သည့်အချိန်တွင် သူမ သက်သောင့်သက်သာမဖြစ်မည်ကိုစိုး၍ သူမနှင့်စကားပြောရန်အချိန်ယူလိုက်သည် ။
" ရှောင်မန်… သမီးကဥာဏ်ကောင်းပြီး စာကြိုးစားတယ်ဆိုတာဦးသိပါတယ်.... ဒါပေမဲ့အလယ်တန်းက မူလတန်းနဲ့ကွာသွားပြီနော်....”
ကျန်းရှင်းခဏလောက်တွေးပြီးနောက်တွင် ပြောလိုက်သည်။
" သမီးပင်ပန်းသလိုခံစားရတယ် ခက်ခဲတယ်လို့ခံစားရရင် မစိုးရိမ်နဲ့နော်... သမီးတစ်ကြိမ်ကိုတစ်လှမ်းပဲလှမ်းလို့လည်းဖြစ်တယ်....သမီးပြဿနာတစ်ခုခုရှိရင် ဦးလေးကိုပြောလို့ရတယ် ပြီးရင်တို့တွေအတူတူဖြေရှင်းကြတာပေါ့.... အဖြေတွေဆိုတာက ပြဿနာတွေထက်ကို အများကြီးရှိပါတယ်ကွာ ...”ယခုကျန်းရှင်း၏ပုံက ပညာပေးစာအုပ်ကိုခုလေးတင်ဖတ်ရှုထားသည့်ပုံဖြစ်နေသည် ။
ဥပမာအနေဖြင့်၊ " ကလေးများ ပုန်ကန်သည့်ကာလအတွင်းမည်ကဲ့သို့လုပ်ရမည် ” ၊ " အလယ်တန်းကျောင်းသားများနှင့်တန်းတူစကားပြောနည်း ” ၊ " မရင်းနှီးသောပတ်ဝန်းကျင်တွင် ဂရုတစိုက်တွေးခေါ်တတ်ခြင်း ” ၊ " ကလေးများနှင့်ပတ်သတ်သည့်အကြောင်းများ ” စသည်ဖြင့် စသည်ဖြင့်…
YOU ARE READING
အတွဲ(၂) ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်(ကျန်းရှောင်မန်)
General Fictionအပိုင်း၁၉၂ကိုဒီက နေဖတ်ပေးကြပါနော် အပိုင်း၂၀၁ကနေစပါမယ်နော် LittleLittle one tears the villain's script ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်