အတွဲ(၂) ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်(ကျန်းရှောင်မန်)

919 65 0
                                    

Chapter  230

ကျန်းရှောင်မန် သူမရင်ထဲကနေ အရူးဟု အကြိမ်အနည်းငယ်လောက်ကျိန်ဆဲပြီးနောက် မှောင်ရိပ်ခိုကာ ထွက်ပြေးရန် ကြံသော်လည်း လျန်ယွမ်ချင်း ကငတုံးမဟုတ်ပေ ။

ကျန်းရှောင်မန် တံခါးဆီသို့ ခိုးကြောင်ခိုးဝှက်ဖြင့် သွားနေသည့်အချိန်တွင် လျန်ယွမ်ချင်း ကသတိထားမိကာ သူမကိုဖမ်းဆွဲလိုက်သည် ။

" မင်းက ဒီမှာ ပုန်းနေတာလား ရှာရခက်လိုက်တာ...."

လျန်ယွမ်ချင်း ရှောင်မန် ၏အကျ်ီဂုတ်ကဆွဲကာပြောလိုက်သည် ။ ညအမှောင်ထဲ၌ လျန်ယွမ်ချင်း ရဲ့ မျက်လုံးများက သားရဲတစ်ကောင်လို အန္ဒရာယ်ရှိပုံပေါ်နေသည် ။

ရှောင်မန် ကသတ္တိရှိတဲ့ကလေးတစ်ယောက်ဖြစ်ပြီးသူမက အမှောင်နဲ့ကြွက်တွေကိုမကြောက်သော်လည်း လျန်ယွမ်ချင်း ရဲ့အကြည့်တွေကိုတော့ထိတ်လန့်စပြုလာသည် ။

လျန်ယွမ်ချင်း ကသူမကိုပြန်ပေးဆွဲခဲ့သည့်ဦးလေးထက် ပိုကြောက်ဖို့ကောင်းသည် ။ ရှောင်မန် ကမငိုမိအောင် သူမနူတ်ခမ်းကိုတင်းတင်းကိုက်ထားကာ ပြောလိုက်သည် ။

" သမီးကိုလွှတ်ပေး ဗီလိန် ကြီး....... အိမ်ပြန်ရောက်ရင် ဦးလေးနဲ့တိုင်ပြောပြီး ရိုက်ခိုင်းမှာ..... ပြီးတော့ ဦးဦးရဲကြီး တွေကလဲခွင့်လွှတ်မှာမဟုတ်ဘူး.... ကလေးကိုတောင်ပြန်ပေးဆွဲတဲ့လူယုတ်မာကြီး....  ဒီကိစ္စကိုသာ ဦးမိသားစုကသိသွားရင် စိတ်ပျက်ပြီး မောင်းထုတ်ပစ်ကြလိမ့်မယ်.... ကိုယ့်နေရာကိုယ်သိတယ်ဆိုရင် သမီးကိုလွှတ်ပေး....."

ကျန်းရှောင်မန် ၏စကားများကထိရှကာ လျန်ယွမ်ချင်း ခေါင်းပေါ်သို့ ရေအေးတစ်ပုံးလောင်းချလိုက်သလိုပင်ဖြစ်သည် ။

လျန်ယွမ်ချင်း ကစီးပွားရေးသမားတစ်ယောက်ဖြစ်သည့်အတွက် ဂုဏ်သတင်းက အကျိုးအမြတ်ပင်ဖြစ်ကာဘာအတွက်ကြောင့်နှင့်မှ နာမည်ပျက်မခံနိုင်ပေ ။

သူရှောင်မန် ကိုလွှတ်ပေးကာ စိတ်ငြိမ်စေရန် သူမခေါင်းကိုပွတ်သပ်ဖို့ကြိုးစားပါသော်လည်း ရှောင်မန် ကရှောင်ထွက်လိုက်သည် ။

အတွဲ(၂) ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်(ကျန်းရှောင်မန်)Nơi câu chuyện tồn tại. Hãy khám phá bây giờ