253
အကိုကျဲအငြင်းခံရ၍ ရှက်ပြုံးလေးသာပြုံးနိုင်သည်။ သူအိမ်သာထဲမှထွက်သွားမည့်အချိန်တွင် သူမကိုလေးလေးနက်နက်ဖြင့်ဦးညွှတ်ကာ " နှုတ်ဆက်ပါတယ် …” ဟုဆိုလိုက်သည် ။
ညီငယ်အားလုံးလည်းအကိုကျဲအတိုင်းလိုက်၍ ထွက်ရန်တန်းစီလိုက်ကြသည်၊ သူတို့ကျန်းရှောင်မန်ကို ဦးညွှတ်ရန်အတွက်လည်း မမေ့ကြပေ ။
" နှုတ်ဆက်ပါတယ်…"
" နှုတ်ဆက်ပါတယ်၊ အစ်မကြီး... "
" နှုတ်ဆက်ပါတယ်..."
ကျန်းရှောင်မန် "…"
ယွီချင်းရှီ "…"
အလွန်လေးစားစရာကောင်းနေသည် ။
ကျန်းရှောင်မန် ယွီချင်းရှီကိုကြည့်လိုက်ချိန်တွင် သူ့မျက်နှာပေါ်တွင်မည်သည့်အမှုအရာမှမမြင်ရသော်လည်း သူထိတ်လန့်သွားသည်ဟု သူမစိတ်ထဲတွင်သူမဘာသာကောက်ချက်ချလိုက်ပြီး ညင်သာစွာဖြင့်
" မကြောက်နဲ့…ငါနင့်ကိုကာကွယ်ပေးမယ် "ယွီချင်းရှီတစ်ခွန်းမှမပြောပဲ ခဏတာတိတ်ဆိတ်သွားသည်။ သူ့နားရွက်များ အနည်းငယ်အနီရောင်သမ်းလာပြီး " … အမ်" ဟုပြောလိုက်သည်။
ကျန်းရှောင်မန် ပို၍သောကရောက်သွားပြီး ယွီချင်းရှီလက်ကိုဆွဲကာ
" လာ…ဒီအမက နင့်ကိုအရသာရှိတဲ့အစားအစာတွေစားဖို့ခေါ်သွားပေးမယ် "" ကောင်းပြီလေ "
ကျန်းရှောင်မန်ပျော်ရွှင်စွာဖြင့် ယောကျာ်းလေးသန့်စင်ခန်းထဲမှထွက်လာခဲ့သည် ။
ယွီချင်းရှီ၏ရင်ထဲတွင် အဖုအထစ်ဖြစ်နေသေးသည်။ အမှန်တွင်ယောကျာ်းတစ်ယောက်ကို ထိုကဲ့သို့အခြေအနေမျိုးတွင် မိသွားသည်မှာအနည်းငယ် ကိုးရိုးကားရားနိုင်လေသည် ။
သူ ကျန်းရှောင်မန်၏အရှေ့တွင် သူ၏ယောကျာ်းပီသမှုကိုပြနိုင်တော့မည့်ပုံမပေါ်ပေ ။
သို့ပေမယ့် ကျန်းရှောင်မန်သူ့လက်ကိုဆွဲ၍ သူ့ရှေ့မှနေ၍ဦးဆောင်နေသည်ကိုကြည့်လိုက်သည့်အခါ ယခုတွင် သူအလွန်ပျော်နေပြီဟု ခံစားလိုက်ရသည် ။
ESTÁS LEYENDO
အတွဲ(၂) ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်(ကျန်းရှောင်မန်)
Ficción Generalအပိုင်း၁၉၂ကိုဒီက နေဖတ်ပေးကြပါနော် အပိုင်း၂၀၁ကနေစပါမယ်နော် LittleLittle one tears the villain's script ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်