260
နောက်တစ်ရက်ကပိတ်ရက်ဖြစ်၍ ကျောင်းသွားရန်မလိုပေ။
ကျန်းရှောင်မန်က စည်းကမ်းရှိသောကလေးဖြစ်ကာ ကျောင်းတွင်လဲလုံ့လဝီရိယရှိစွာသင်ယူ၍ အိမ်တွင်လည်း မိမိကိုယ်ကိုထိန်းကျောင်းသောကလေးဖြစ်သည်။
သူမကျောင်းလွယ်အိတ်ကိုယူ၍ အိမ်စာတူတူလုပ်ရန် ယွီချင်းရှီဆီသို့ ထွက်လာလိုက်သည်။
ယွီချင်းရှီကြည့်ရတာစိတ်တွေပျံ့လွင့်နေသလိုပဲ... သူကျန်းရှောင်မန်ကိုကြည့်၍တိုးတိုးလေးပြောလိုက်သည်။
" သူတို့ပိတ်ရက်တွေမှာ အပြင်ထွက်ပြီးကစားကြတယ်လို့ငါ့အတန်းဖော်တွေဆီကငါကြားတယ်..."အပြင်ထွက်ကစားတယ်ဟုတ်လား ...နင်ကဘယ်သွားချင်လို့လဲ ...
ယွီချင်းရှီတိတ်ဆိတ်သွားပြန်သည်။
ပြောရရင် ကျန်းရှောင်မန်သည်လည်း သူ့ထက်ပို၍ အပြင်ထွက်ပြီး ကစားလေ့ရှိသည်။
ဒါကြောင့်သူပြန်မပြောနိုင်ဖြစ်သွားတာ... ဤကဲ့သို့သောအရာများကို အတွက် ယဲ့ကျားကျား ကသာ အကောင်းဆုံးသိသည်။
ဘယ်လိုပဲဖြစ်ဖြစ် ယွီချင်းရှီက ဒီလိုကိစ္စတွေအတွက် ယဲ့ကျားကျားကိုဒုက္ခမပေးချင်ဘူး..."...နင်ဘာလို့မရွေးတာလဲ..."
ယွီချင်းရှီအသံနှိမ့်ပြီးပြောလိုက်သည်။ကျန်းရှောင်မန် စာအုပ်ပိတ်လိုက်ပြီး ထိုအကြောင်းတွေးလိုက်သည်။
' နည်းနည်းလောက်အနားယူတာက။သိပ်ပြီးတော့လဲမဆိုးဝါးပါဘူး'ဟုသူမခံစားရသည်။" ဒါဆို ငါတို့ အင်တာနက်ကဖေးကိုသွားကြမလား " ဟုပြောလိုက်သည်။
" ဘာ... "
" အင်တာနက်ကဖေးလေ သူတို့ပိတ်ရက်တွေမှာအင်တာနက်ကဖေးသွားကြတယ်လို့ငါကြားတယ် ..." ဟုသူမပြောလိုက်သည်။
" နင်အင်တာနက်သုံးချင်ရင်လဲအိမ်မှာပဲသုံးလို့မရဘူးလား... "
" အင်တာနက်သုံးရတဲ့ရည်ရွယ်ချက်ကဘာလဲ... အဓိကက လောကကြီးကိုကြည့်ဖို့ပဲလေ "
မဟုတ်ရင်သူများတွေစကားဝိုင်းထဲမှာကိုယ်ဝင်ပြောနိုင်မှာမဟုတ်ဘူး...
ကျန်းရှောင်မန် ၎င်းကို အခြားသူများက အတန်းထဲတွင် ပြောနေကြသည်ကို အကြိမ်ပေါင်းများစွာကြားဖူးသည်။
VOCÊ ESTÁ LENDO
အတွဲ(၂) ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်(ကျန်းရှောင်မန်)
Ficção Geralအပိုင်း၁၉၂ကိုဒီက နေဖတ်ပေးကြပါနော် အပိုင်း၂၀၁ကနေစပါမယ်နော် LittleLittle one tears the villain's script ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်