252
၎င်းတို့ကဲ့သို့လူမျိုးကိုပင် သူတို့မကိုင်တွယ်နိုင်ပါက သူတို့ကို ဆရာမများအာရုံစိုက်ရအောင်မလုပ်ရဲပေ။ ရဲစခန်းအတွက်ဆိုလျှင်လည်း သူတို့တစ်ခါမှမရောက်ဖူးပေ။ ထို့ပြင်သူတို့၏အပြစ်စိတ်ကြောင့် ရဲတွေဘေးမှသူတို့ဖြတ်သွားလျှင်ပင် သူတို့မြန်မြန်ပင် ဖြတ်လျှောက်သွားကြသည်၊ ပြဿနာထဲရောက်သွား၍ ရဲများပါ ပါ၀င်လာခဲ့သည့်အထက်တန်းကျောင်းသားတစ်ယောက်က ကျောင်းထွက်ရန်အတွက် အပြောခံခဲ့ရသည် ။
ရဲတွေပါ ပါလာအောင်ရည်ရွယ်ချက်ရှိရှိလုပ်တဲ့ဒီလိုလူမျိုးကို ဘယ်နားသွားရှာရမလဲ... သူမ မကြောက်ဘူးလား...
ယခုမတိုင်ခင်တုန်းကတွင် သူတို့သူမကို ရိုးသား၍အကြောက်အလန့်ကင်းပြီး လမ်းစည်းမျည်းကိုနားမလည်သည့် သူဟုထင်ခဲ့သော်လည်း ယခုတွင်သူမကရဲကိုခေါ်မည်ဟုပြောနေသည်ကိုကြားခဲ့ရသည်။ အကိုကျဲ၏ဂိုဏ်းက အမှန်တကယ်ပင်တုန်လှုပ်သွားခဲ့သည် ။
သူမက အကြောက်အလန့်မရှိတဲ့စစ်သည်စင်စစ်တစ်ယောက်ပါလား...
အကိုကျဲအနည်းငယ်ထစ်ထစ်ငေါ့ငေါ့ဖြင့်မေးလိုက်သည်။
" မင်း... မင်းရဲတွေကိုမကြောက်ဘူးလား၊ သူတို့မင်းကိုဖမ်းလိမ့်မယ်နော်…”ဆရာမများနှင့် အဆက်အဆံလုပ်ရသည်မှာလွယ်ကူသည်။ ကိုယ့်ကိုကိုယ်သုံးသပ်စာရေးပြီး " နောက်ရန်ထပ်မဖြစ်တော့ပါဘူး" ဟုသာသူတို့ပြောရန်သာလိုသည်၊ သူတို့ထိုကဲ့အကြိမ်ပေါင်းမနည်းလုပ်ခဲ့ဖူးသော်လည်း ရဲများနှင့်အမှန်တကယ်ပင် သွားမရှုပ်သင့်ပေ။ သူတို့ရဲတစ်ယောက်ကိုမြင်သည်နှင့် ဒူးများပင်ပျော့ခွေသွားကြတော့သည် ။
ကျန်းရှောင်မန် အနိုင်ဖြင့်လှောင်လိုက်ကာ
" ငါတတိယတန်းမှာထဲက သုံးသပ်စာရေးနေရပြီ၊ နင်တို့ရွှံ့ထဲဆော့နေချိန်မှာ ငါကကျောင်းစည်းကမ်းချိုးဖောက်လို့ ဆရာမရုံးခန်းထဲကိုအခေါ်ခံနေရပြီ၊ ရဲစခန်းကတော့ ငါငါးနှစ် ဒါမှမဟုတ်ရင် ခြောက်နှစ်လောက်မှာတစ်ခါသွားဖူးတယ်၊ နောက်တစ်ခေါက်ကတော့ ငါကိုးနှစ် ဒါမှမဟုတ်ရင် ဆယ်နှစ်လောက်တုန်းကပဲ၊
ပထမတစ်ခေါက်တုန်းကတော့တစ်စုံတစ်ယောက်ကခြောက်နှစ်လောက်ထောင်ထဲဝင်ခဲ့ရပြီး၊ ဒုတိယတစ်ခေါက်ကြတော့နောက်ထပ်တစ်စုံတစ်ယောက်ကသုံးလလောက်ထောင်ထဲဝင်ခဲ့ရတယ်...”
YOU ARE READING
အတွဲ(၂) ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်(ကျန်းရှောင်မန်)
General Fictionအပိုင်း၁၉၂ကိုဒီက နေဖတ်ပေးကြပါနော် အပိုင်း၂၀၁ကနေစပါမယ်နော် LittleLittle one tears the villain's script ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်