အတွဲ(၂) ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်(ကျန်းရှောင်မန်)

782 63 1
                                    

Part 264

နောက်နေ့ကျတော့ ကျန်းရှောင်မန်က သူမ မနေ့ကစုဆောင်းထားတဲ့ပစ္စည်းတွေကိုယူပြီး ဓာတ်ပုံမိတ္တူလုပ်ဖို့ မိတ္တူဆိုင်ကိုလာခဲ့တော့တယ်။သူမ မိတ္တူတွေအများကြီးကူးခဲ့တာ တစ်ဒါဇင်ကျော်လောက်ရှိတယ်။

ယွီချင်းရှီသူ့မျက်ခုံးတွေကိုမြှောက်လိုက်ပြီး သိချင်စိတ်တွေသူ့နှလုံးသားထဲမှာဖြစ်ပေါ်လာခဲ့တယ်။ ဒါပေါ့...အတန်းပြီးတဲ့အခါ ကျန်းရှောင်မန်က ဒုတိယနှစ်ဘက်ကိုပြေးပြီးတော့ ပစ္စည်းတွေကိုစွန်းရှောင်ကျယ်လက်ထဲထည့်ပေးလိုက်တော့တယ်။

"သူတို့အကုန်လုံးကိုဖတ်ပြီး လေ့ကျင့်ခန်းတွေလဲလုပ်ထား ငါနေ့လည်ကျရင်စစ်ပေးမယ်"

စွန်းရှောင်ကျဲ"..."

သူ လက်မခံဖို့ရွေးချယ်လိုက်လို့ရလား...

"ဝိုး ဒါကရည်းစားစာလား"

"ဘယ်လိုဖြစ်နိုင်မှာလဲ"

"ဘယ်သူကသူ့ကိုရည်းစားစာပေးရဲမှာလဲ"

"ဘယ်ရည်းစားစာက ဓာတ်ပုံတွေနဲ့ရေးထားလို့လဲ"

ပြောနေကြတာကို နားထောင်ပြီးတော့ စွန်းရှောင်ကျဲငိုတောင်ငိုချင်လာသလိုပဲ။
ဘာပဲဖြစ်ဖြစ် အခုကစပြီးတော့ အထက်တန်းဂျူနီယာခြောက်တန်းက ကျောင်းလူဆိုးတွေမှာ ရန်ဖြစ်ဖို့အချိန်မရှိတော့ဘူး။

သူတို့အားလုံးအိမ်စာလုပ်ရင်းအလုပ်ရှုပ်နေကြလိမ့်မယ်လေ။

သေစမ်း ငါအရင်ကအမှတ်‌ခြောက်ဂျူနီယာမှာဒီကောင်တွေကိုမတွေ့ဖူးပါဘူး။ သူတို့ အစ်ကို ရှန့်နဲ့တွေ့ရမှာကိုအရမ်းကြောက်နေကြတာလား။
ဘယ်သူကဘုရင် ဘယ်သူကအရှုံးသမားလဲဆိုတာ ဆုံးဖြတ်ဖို့ ငါတို့လတစ်ဝက်ကျရင် တိုက်ခိုက်ဖို့စုကြမယ်ဆိုပြီးသ
ဘောတူထားပြီးသားကို အချိန်ရောက်လာတော့လဲ သူကအရှုံးသမားပဲ။
ဒါသာမန်မဖြစ်နိုင်ဘူး စွန်းရှောင်ကျယ်ကမာနအရမ်းကြီးတဲ့ကောင်လေ သူကရန်ပွဲတွေမှာမပါတော့ဘူးဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ဘေးနားကဂျူနီယာအထက်တန်းကျောင်းလူမိုက်လေးတွေဟာအတူတူစုပြီးတော့  သူတို့အတွေးအမြင်များကို အချင်းချင်းတီးတိုးပြောနေကြတော့သည်။

အတွဲ(၂) ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်(ကျန်းရှောင်မန်)Where stories live. Discover now