Chapter 305
လူတိုင်းပျော်ရွှင်မှာ မဟုတ်တာလား....
ကျန်ရှိနေတဲ့စကားလုံးကမည်သည့်အခါမှအဆုံးသတ်မည်မဟုတ်ပေ အဘယ်ကြောင့်ဆိုသော်ကျန်းရှောင်မန်၏မျက်လုံများအေးစက်လာသည်ကို လျန့်ယွမ်ချင်းသတိထားမိသည်။ လျန့်ယွမ်ချင်းရှက်ရွံစွာဖြင့်ရပ်တန့်လိုက်ပြီး သူ၏နှလုံးသည်ဒရမ်ကဲ့သို့တီးခတ်နေခဲ့သည် ။" ရပါတယ် ရပါတယ် သမီးအရင်ဆွေးနွေးလိုက်ပါ...အကယ်၍တစ်ခုခုဆိုရင် အဖေ့ကိုပြောပါ အဖေသမီးကိုကူညီပေးမယ်..."
လျန့်ယွမ်ချင်းအလေးအနက်ဖြင့်ပြောလိုက်သည်။
" အဖေ့ကိုအဲဒီ့လိုမကြည့်ပါနဲ့ ဘာပဲဖြစ်နေပါစေ အဖေကသမီးအဖေဖြစ်နေတုန်းပဲလေ အဖေသမီးကိုဆိုးဆိုးရွားရွားမဆက်ဆံပါဘူး..."ကျန်းရှောင်မန်ပြန်မဖြေတော့ဘဲ သူ့ကိုသာသွားခွင့်ပြုလိုက်သည် ။
" ပိုင်ရှင် မင်းဘာလုပ်ဖို့ကြံနေတာလဲ..."
" ဦးဦးပြောတာမှန်တယ် အဆုံးသတ်ကတူတူပဲဆိုမှတော့ ဘာလို့စိတ်အနှောင့်အယှက်ဖြစ်ခံနေတော့မှာလဲ... သမီးအဲဒီ့အကြောင်းကိုတွေးပြီးပြီ သမီးမလွှတ်မြောက်နိုင်တော့ဘူးဆိုမှတော့ သမီးကိုယ်တိုင်အစပြုလိုက်တာပဲပိုကောင်းပါတယ်..."
" မင်း...မင်းတကယ်သွားမလို့လား..."
" အင်း..."
" ဒါပေမဲ့... ဒါပေမဲ့မင်းပဲမသွားချင်ဘူးလို့ပြောတာမလား..."
စနစ်များများပြောလေ ယုံကြည်ချက်နည်းလာလေဖြစ်ပြီး ၎င်း၏အသံမှာတိုးလာလေသည် ။" သမီးအရင်ဘွားဘွားနဲ့ဆွေးနွေးလိုက်အုံးမယ်..."
သူမအမြဲ သူမအဘွားစကားကိုနားထောင်လေသည် ။
ထိုနေ့ညတွင် ကျန်းရှောင်မန်နှင့်ကျန်းဟွေ့မိန်စကားပြောခဲ့ကြသည်။ အဖွားကသေချာပေါက်ဒေါသထွက်လိမ့်မည် ဒါမှမဟုတ်အနည်းဆုံးတော့အထိတ်တလန့်ဖြစ်သွားမည်ဟု ကျန်းရှောင်မန်တွေးထားခဲ့သည်။ မမျှော်လင့်စွာဖြင့် အဖွားဆီမှမည်သည့်တုံ့ပြန်မှုကိုမှမရခဲ့ချေ ။
ကျန်းဟွေ့မိန်အချိန်အတော်ကြာ မည်သည့်စကားမှမပြောပဲတိတ်ဆိတ်နေခဲ့ပြီးနောက်တွင် ကျန်းရှင်းကိုဖုန်းခေါ်လိုက်သည် ။
YOU ARE READING
အတွဲ(၂) ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်(ကျန်းရှောင်မန်)
General Fictionအပိုင်း၁၉၂ကိုဒီက နေဖတ်ပေးကြပါနော် အပိုင်း၂၀၁ကနေစပါမယ်နော် LittleLittle one tears the villain's script ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်