Chapter265
အခြေအနေတွေကိုဆန့်ကျင်ဘက်လုပ်ပြီး သူတကယ်လျှို့ဝှက်လေ့ကျင့်ရေးဆင်းနေသည် ဆိုလျှင် သူသေချာပေါက်တခြားသူတွေကို အနားလာခွင့်ဘယ်ပြုမည်နည်း။
တစ်ယောက်ယောက်အနားမှာယောင်လည်လည်လုပ်နေတာကိုတွေ့သည်နှင့် သူတကယ်သူတို့ကိုရိုက်နှက်ပစ်မှာဖြစ်သည်။
ညီငယ်လေးကဆက်ပြောသည်။
"ဟုတ်တယ် သူအရိုက်ခံရတော့မလို့ ဒါပေမဲ့ စွန်းရှောင်ကျယ်ကိုတစ်ယောက်ယောက်က ရပ်ဖို့ပြောလိုက်တော့ သူထွက်ပြေးလာခဲ့တာပဲ...."တစ်ေယာက်ယောက်ကပြောတယ်....ဘယ်သူလဲ....အမှတ်ခြောက်ဂျူနီယာအထက်တန်းကျောင်းမှာ စွန်းရှောင်ကျယ်ထက်မြင့်တဲ့သူရှိနေတာလား....
အစ်ကိုရှန့်ကနက်နက်နဲနဲတွေးနေသည်။ သူအကြာကြီးတွေးပြီးတော့ နောက်ဆုံးတွင်နားလည်သွားခဲ့သည်။
"သေစမ်း အမှတ်ခြောက်ဂျုနီယာအထက်တန်းကျောင်းရဲ့ကျောင်းလူမိုက်ကပြောင်းသွားပြီ သူ့ကိုမေ့လိုက်တော့...."
"ဟုတ်တယ် သူ့ကိုမေ့လိုက်တော့...."
"အမှတ်ခြောက် ဂျူနီယာအထက်တန်းကျောင်းက လူတွေကိုဆရာကြီးကဘယ်သူလဲဆိုတာပေးသိလိုက်တော့......"
"အစ်ကိုရှန့်ကအကောင်းဆုံးပဲ....."
အစ်ကိုရှန့်ကသူပြောသလိုပဲသေချာလုပ်ခဲ့သည်။ အမှတ်ခြောက်ဂျူနီယာအထက်တန်းကျောင်း၏ ကျောင်းလူမိုက်ကပြောင်းသွားပြီဆိုလျှင် သူအနည်းဆုံးတော့သွားနှုတ်ဆက်သင့်ပေသည်။
ယခုတော့ တိုက်ခိုက်ဖို့အတွက်အရင်ချိန်းလိုက်တော့မည်ဖြစ်သည်။
အစ်ကိုရှန့်က စည်းကမ်းဟောင်းတွေကိုလိုက်နာကာကျောင်းလူမိုက်အသစ်ကို စိန်ခေါ်တဲ့စာကိုပေးခဲ့သည်။
သို့သော် သူ့လက်အောက်တွင် လုပ်နိုင်တဲ့လူတွေအများကြီးရှိနေတာတောင်မှ ကျောင်းလူမိုက်အသစ်ကိုရှာမတွေ့နိုင်တာ သနားစရာကောင်းလှသည်။ ထိုလူက အရမ်းထူးဆန်းလွန်းသည်။
တခြားနည်းလမ်းလဲထပ်မရှိတော့၍ စိန်ခေါ်စာကို စွန်းရှောင်ကျယ်ကိုပဲပေးခဲ့ပြီး တစ်ဆင့်ပြန်ပေးပေးဖို့ ပေးခဲ့ရတော့သည်။
ESTÁS LEYENDO
အတွဲ(၂) ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်(ကျန်းရှောင်မန်)
Ficción Generalအပိုင်း၁၉၂ကိုဒီက နေဖတ်ပေးကြပါနော် အပိုင်း၂၀၁ကနေစပါမယ်နော် LittleLittle one tears the villain's script ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်