Chapter 234
ကျန်းရှင်း လျန်ယွမ်ချင်းကိုမြင်လိုက်ချိန်တွင် ဒေါသကြောင့်အဆုတ်ပင်ပေါက်ထွက်လုနီးနီးဖြစ်သွားသည်။ သူလျန်ယွမ်ချင်းကိုလက်ညိုးထိုးပြီးအော်လိုက်သည်။ လျန်ယွမ်ချန်းကိုယောကျာ်းတစ်ယောက်မဟုတ်ဘူးဟုပြောလိုက်သည်။ ယောက်ကျာ်းတစ်ယောက်က လူကြီးတွေရဲ့ပြဿနာထဲကလေးတွေကိုဆွဲမထည့်ဘူးဟုဆိုသည် ။
ရဲသားက ကျန်းရှင်းကိုပြန်၍မဆွဲထားသင့်ပေ။ သူ(ကျန်းရှင်း) လျန်ယွမ်ချင်းကိုထိုးသင့်သည် ။
ရဲစခန်းကိုခေါ်လာခံရသည်မှာအနည်းငယ်မွန်းကျပ်ဖို့ကောင်းသည်။ သူတို့အားလုံးက ထိုကိစ္စဖြစ်ရခြင်းမှာ သူနှင့်ကျန်းရှင်း၏ပတ်သတ်မှုကြောင့်ဟုထင်နေကြသည် ကံဆိုးခြင်းကြားထဲမှကံကောင်းခြင်းတစ်မျိုးဟုပင်ပြောရမည်ဖြစ်သည် ။
လျန်ယွမ်ချင်းပြင်းပြင်းထန်ထန်အံကြိတ်လိုက်သည်။ သူ၏မသိစိတ်ကနေကျန်းရှောင်မန်ဆီမှနေ၍ သူ့လက်နှစ်ဖက်ဖြင့်ကိုယ်တိုင်ယူလာသည့် ကျောက်စိမ်းလည်ဆွဲကိုစမ်းကြည့်ချင်နေသည်။ သူစမ်းကြည့်လိုက်ချိန်တွင် ကျောက်စိမ်းလည်ဆွဲမရှိတော့ပေ ။
" ငါတို့မင်းနဲ့အတူပါလာတဲ့ပစ္စည်းတွေကို လုံခြုံရေးအတွက်ထိန်းသိမ်းထားတယ်.... ကိစ္စတွေရှင်းပြီဆိုရင် ငါတို့မင်းကိုပြန်ပေးမယ်..."
ထိုသို့ကြားလိုက်၍ ကျန်းရှောင်မန်မျက်လုံးများပြူးကျယ်လာသည် ။
စနစ် ဒီတစ်ကြိမ်တွင်တော့အော်ဟစ်နေပြီးဖြစ်သည်။
"ပိုင်ရှင်... မြန်မြန် အဲ့ဒါငါ့ရဲ့အသက်သွေးကြောလေ....မင်းငါ့ကိုကျောက်စိမ်းလည်ဆွဲပြန်ယူပေးရမယ် မဟုတ်ရင်ဒီမျိုးမစစ်ကောင်ကကျောက်စိမ်းလည်ဆွဲကိုယူသွားလိမ့်မယ်… ”
ထိုသို့ကြားပြီးနောက်တွင် ကျန်းရှောင်မန်ပို၍တောင် ငိုချလိုက်သေးသည်။ သူမကျန်းဟွေ့မိန်၏ လက်မောင်းများကို ဖယ်လိုက်ပြီး ရဲသားတစ်ယောက်ဆီသို့သွားလိုက်သည်။ သူမရှိုက်ကြီးတငင်ငင်နှင့်ငိုကာ ကြို့ထိုးလျက်ဖြင့် ပြောလိုက်သည်။
" ဦးဦးရဲကြီးရေ အဲ့ဒီ့ကျောက်စိမ်းလည်ဆွဲကသမီးဟာ သမီးငယ်ငယ်လေးကတည်းကဆွဲထားတာ...ဟုတ်တယ်…ဒီလူဆိုးကသမီးကိုပြန်ပေးဆွဲရုံတင်မကဘဲ လုလည်းလုသွားသေးတယ် ဝူး…ဝူး…ဝူး ..."
ESTÁS LEYENDO
အတွဲ(၂) ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်(ကျန်းရှောင်မန်)
Ficción Generalအပိုင်း၁၉၂ကိုဒီက နေဖတ်ပေးကြပါနော် အပိုင်း၂၀၁ကနေစပါမယ်နော် LittleLittle one tears the villain's script ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်