အတွဲ(၂) ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်(ကျန်းရှောင်မန်)

881 76 1
                                    

254

ယွီချင်းရှီ ကျန်းရှောင်မန်၏စကားကိုအမှန်တကယ်ပင် နားထောင်ခဲ့သည်။ ယခုသူ့ထံတွင်မည်သည့်ကိစ္စပင်ဖြစ်လာပါစေ ကျန်းရှောင်မန်မှတစ်ခုခုမှားနေပြီဆိုကြောင်း သိရှိသွားသည်အထိစောင့်မည့်အစား သူကိုယ်တိုင်လက်ဦးမှုယူ၍သူမကိုရှာနေပြီဖြစ်သည် ။

၎င်းက ကောင်းမွန်သည့်အရာဖြစ်သည်။ နောက်ဆုံးတွင် သူက အရာရာကို သူ့ရင်ထဲတွင်ပဲထားတတ်သည့် ယွီချင်းရှီမဟုတ်တော့ပေ ။

ကျန်းရှောင်မန်ရင်ထဲထိသွားသည်။ ၎င်းက မိသားစုထဲရှိသားလေး ကြီးပြင်းလာသကဲ့သို့ ခံစားချက်မျိုးဖြစ်သည် ။

သို့သော်တစ်ချိန်တည်းမှာပင် မကောင်းမွန်သည့်အချက်များလည်းရှိနေသေးသည် ။

အဘယ်ကြောင့်ဆိုသော် ယွီချင်းရှီတွင် ကိစ္စတော်တော်များများဖြစ်လာပြီး အများစုမှာအသေးအဖွဲအရာများဖြစ်သည်။ ကျန်းရှောင်မန် နောက်ဆုံးတစ်ခေါက်တုန်းကကဲ့သို့သူရဲကောင်းလုပ်၍ သူ့ကိုအန္တရာယ်ထဲမှနေ၍ ကာကွယ်ပေးနိုင်မည့်အခွင့်အရေးမျိုးလည်းမရှိတော့ပေ ။

သို့သော်လည်းစနစ်က ကျန်းရှောင်မန်ကိုယွီချင်းရှီနှင့်အဆက်အဆံပိုလုပ်ပြီး သူ့စိတ်ကိုပွင့်လင်းလာအောင်လုပ်ရန်ပြောထားသည်။ ယွီချင်းရှီကိုကူညီခြင်းက သူမလုပ်ရမည့်ပထမဆုံးအရာဖြစ်သည်။

'ဒါပေမဲ့ယွီချင်းရှီမှာဘာလို့အခုထိ ပြဿနာတွေအများကြီးရှိနေရသေးတာလဲ…'

ယွီချင်းရှီ ငယ်စဥ်တည်းကဆတ်ဆတ်ထိမခံ၍  အထိအခိုက်မခံသည့် သူမျိုးဖြစ်သည် ။

ဦးလေးယွီပြောထားသည်မှာ ယွီချင်းရှီတွင်စိတ်ခံစားမှုဝေဒနာ ဖြစ်လာသည့်အချိန်တိုင်းတွင်သူက ပစ္စည်းများကိုဖျက်စီးရုံသာမကပဲ လူတိုင်းကိုလျစ်လျုရှု၍ စကားတစ်ခွန်းမှမပြောပဲ ရက်ပေါင်းများစွာနေလိမ့်မည်ဟူ၍ဖြစ်သည်။ ကျန်းရှောင်မန်သူမမျက်လုံးဖြင့် ကိုယ်တိုင်မမြင်ဖူးသော်လည်း ဦးလေးယွီပြောသည်ကိုနားထောင်သည်နှင့်ပင် ကြောက်ဖို့ကောင်းနေပြီဖြစ်သည် ။

အတွဲ(၂) ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်(ကျန်းရှောင်မန်)Tempat cerita menjadi hidup. Temukan sekarang