Chapter 315
ပြောရမှာ ထူးဆန်းပေမယ့် သူအရင်က အကြာကြီးနေရတော့မှာ မဟုတ်ဘူး ထင်ခဲ့သည်။ အမှန်တိုင်းဝန်ခံရရင် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို သူတွေးတောနေခဲ့သည်။သို့ေသာ်လည်း ဒီကလေး ပြန်ရောက်လာပြီးတဲ့နောက်မှာ သူအတော်လေး သက်သာလာပြီး အချိန်မရွေး ဆေးရုံဆင်းလို့ရတယ်ဟု သူခံစားရသည်။
ကြည့်ရတာ ကံကြမ္မာဖြစ်မယ်....
"မနက်ခင်းက အေးနေသေးတယ် သမီး အဘိုးကို လူနာဆောင်ဆီ အရင် ပြန်တွန်းပို့ပေးမယ်..."
"ကောင်းပြီလေ သွားကြတာပေါ့..."
မစ္စတာဝမ်က အရမ်းအပျော်လွန်နေပြီး စနောက်လိုက်သည်။
" အဘိုး သမီးကို တွေ့နေရရင် နေမကောင်းတာတောင် သက်သာလာပြီး အခုချက်ချင်း ဆေးရုံဆင်းလို့တောင်ရတယ်... ဒီဆေးရုံက အရမ်း စိတ်ပျက်ဖို့ကောင်းတယ် ...အဘိုးနေ့တိုင်း ဆေးသောက်ပြီး ဆေးထိုးနေရတယ် နောက်ပြီး အရမ်းစောင့်ကြည့်နေကြလွန်းတယ်...ဆရာဝန်တွေက အဘိုးနေမကောင်းတာကို သက်သာမလာစေဘူး..ဖြစ်နိုင်ရင် အိမ်ကိုပြန်ပြီး သက်တောင့်သက်သာနေချင်တယ်... အဲ့လိုဆို နေပြန်ကောင်းလာပြီး ကုသစရာ မလိုလောက်တော့ဘူး..."ကျန်းရှောင်မန် နှလုံးသားလေး လှုပ်ခါသွားသည်။ လူနာဆောင်ကို ရောက်သွားပြီးနောက် အဘိုးက တမနက်လုံး ဘယ်မှထပ်မထွက်ပဲနေနေသည်။
ဆေးဝါးတွေနဲ့ ထိုးဆေးတွေ နောက်ပြီး အဘိုးနေ့တိုင်း ထိတွေ့သမျှအရာ အကုန်လုံးကို စနစ်က စစ်ဆေးထားပြီးသားဖြစ်သည်။
ဘယ်အရာမှ ပြဿနာရှိမနေတာ တွေ့လိုက်ရသည်။
ပြဿနာဖြစ်စေတဲ့ အကြောင်းအရင်းကို ရှာမတွေ့ပေမယ့် ဒါက သေစေနိုင်လောက်တဲ့ အရာဖြစ်သည်။ဒါကိုရှာရတာ အနည်းငယ်ခက်ခဲသည်။
ကျန်းရှောင်မန်က စိတ်ဓာတ်ကျနေသည်။ သူမတစ်နေ့လုံး ဘာမှ များများစားစား ရှာမတွေ့ပါ ထို့ကြောင့် အဘိုးအိုကို မငြီးငွေ့အောင်
အဖော်ပြုပေးလိုက်ပြီး ညရောက်မှ ပြန်လာလိုက်သည်။"ညီမလေးက ပြန်မလာသေးဘူးလား..."
ဧည့်ခန်းက ဆိုဖာပေါ်မှာ ထိုင်နေရင်း လျန့်စစ်ယွီ ဝင်ပေါက်တံခါးကို အချိန်တိုင်း လှမ်းကြည့်နေသည်။ သူတိုးတိုးလေး ရေရွတ်လိုက်သည်။
" သမီးက ညီမလေးနဲ့ ဒီနေ့ တွေ့ချင်တာ အဲ့လိုဆို သူ ဒီမှာ မြန်မြန်လေး အသားကျနိုင်တယ်....မထင်ထားတာက သူ မနက်အစောကြီး ဆေးရုံကို သွားမယ်လို့လေ..."
ESTÁS LEYENDO
အတွဲ(၂) ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်(ကျန်းရှောင်မန်)
Ficción Generalအပိုင်း၁၉၂ကိုဒီက နေဖတ်ပေးကြပါနော် အပိုင်း၂၀၁ကနေစပါမယ်နော် LittleLittle one tears the villain's script ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်