အပိုင်း[၁၁]

3.3K 180 9
                                    

"နင်သိလား လမင်း...တီချယ်ဆောင်းမှာရည်းစားရှိတယ်ဟ"

"ဟင်..မမမှာ...အာ...တီချယ်မှာရည်းစားရှိတယ်ဟုတ်လား မေဇင်"

"ဟုတ်တယ်ဟ ...အခြားသူမဟုတ်ဘူးနော် ..နင့်ကိုဟိုတစ်ခါအစပ်တွေစားလို့ဆူသွားတဲ့ဆရာဝန်လေးနဲ့"

"ဘာရယ်"

"ဟဲ့ လမင်း တိုးတိုးလုပ်ပါဟ"

ကိုယ့်အသံကျယ်သွားတယ် ထင်၏။ ‌ကန်တင်းကလူတချို့တောင် မိမိဘက်ကိုလှည့်ကြည့်လာကြသည်။

"ငါ အံ့ဩသွားလို့ပါ"

"အံ့ဩမနေပါနဲ့...ငါတို့တီချယ်က ဒီလောက်ချောတာပဲဟာ....ဟိုဆရာဝန်လေးသဘောကျတာလည်းမဆန်းပါဘူး..သူတို့နှစ်ယောက်က တကယ်လိုက်တာနော်"

သူတို့ပြောသလို မမနဲ့ ဒေါက်တာဟာလိုက်ဖက်တယ်ဆိုတဲ့စကားကို စိတ်ထဲမှာဘဝင်မကျမိပါ။လိုက်ဖက်သည်ဟုပင်ခံစား၍မရပါ။

"ဒါတင်မဟုတ်သေးဘူးနော်...တီချယ်တို့ကစေ့စပ်ထားပြီးသားတဲ့...ဒီစာသင်နှစ်တစ်နှစ်ပြီးရင် လက်ထပ်တော့မှာတဲ့"

"ဟင်"

ခုနကဒေါက်တာနဲ့ မမနဲ့ချစ်သူတွေဆိုတာကိုသိပြီးသည်အထိ မိမိစိတ်တို့တွင်လေးလံနေသည်မှလွဲပြီးဘာမှမဖြစ်သေးပါ။သို့သော် စေ့စပ်ထားပြီးသား ဒီစာသင်နှစ်ကုန်ရင် လက်ထပ်ကြတော့မယ်ဆိုတာသိရချိန်မှာတော့ တိကျတဲ့အဖြေကိုရသွားခဲ့ပြီ။စိတ်ထဲ၌လည်း တုန်လှုပ်သွားသည်။သူ့ကိုအဆုံးရှုံးမခံနိုင်‌‌ေတာ့ပါ။အခြားသူလက်ထဲထည့်မပေးလိုက်နိုင်တော့ပါ။ သူ့ကိုချစ်သည်။ဒါေသချာနေပြီ။သူ့ကိုချစ်နေမိပြီ။

"နင်က ဘယ်ကကြားလာတာလဲ တီချယ့်အကြောင်းကို"

"အဆောင်က အစ်မတွေကပြောပြတာဟ"

"ဪ"

"တီချယ့်ရည်းစားက တီချယ့်ကိုတော်တော်ချစ်တာတဲ့"

နားထဲဆက်မကြားနိုင်တော့။ဆက်မကြာချင်တော့ပါ။

"နင်တို့နှစ်ယောက် ငါ့ကိုခွင့်တိုင်စာရေးပေးပါလား...ငါအခုအိမ်ပြန်မှဖြစ်တော့မှာမလို့"

"နင်ကလည်းရုတ်တရက်ကြီး ဘာဖြစ်ရတာလဲ"

"ငါ့ကိစ္စလေးပေါ်လာလို့ပါ..ကဲ့ပါ ခွင့်သာတိုင်ပေးပါ ..ငါသွားတော့မယ်"

အချစ်များ၏နောက်ကွယ်(Completed)Where stories live. Discover now