အပိုင်း(၂)

6K 280 1
                                    

{ My Girlfriend's Family }

⚠ warning ⚠ အနည်းငယ်ပေးပါသည်။

-------------------------------------------
Unicode

"ကျွတ်"ခနဲစုပ်သတ်သံဟာလဲ့ယောင်ဆီမှထွက်ပေါ်လာသည်။

ညစာစားပြီးနောက် ရုတ်ချည်းသည်းသည်းမဲမဲရွာချလာသောမိုးကြောင့် လဲ့ယောင်မှာအိမ်ပြန်၍မရတော့ပဲ သူ့ချစ်သူ၏စံအိမ်၌သောင်တင်နေတော့သည်။ လဲ့ယောင်ဟာအခုဆို ဧည့်သည်အခန်းထဲရှိမှန်ပြတင်းပေါက်ရှေ့တွင်ရပ်ကာ အပြင်ဘက်တွင်သည်းထန်စွာရွာသွန်းနေသောမိုးများကိုငေးကြည့်လို့နေကာ စိတ်ညစ်နေခြင်းဖြစ်သည်။

"ကိုကို!!"

အနောက်ဖက်မှသူ့ပုခုံးကိုပုတ်ခြင်းခံလိုက်ရပြီး ကျယ်လောင်စွာအော်ခေါ်သံကြောင့် လဲ့ယောင်တစ်ယောက်လန့်သွားရသည်။

"လင်းလင်း..ကိုယ့်ကိုမခြောက်ပါနဲ့ကွာ"

ဝမ်လင်းလင်းဘက်ကိုလှည့်လိုက်ကာ လဲ့ယောင်စိတ်မသက်မသာဖြစ်စွာပြောလိုက်သည်။ဒီနေ့တစ်ရက်ထဲနဲ့ရင်တုန်ရလွန်းလို့ သူနှလုံးရောဂါရတော့မည်ဟုတောင်ထင်မိသည်။ ဝမ်လင်းလင်းကလဲ့ယောင်ကိုရယ်ပြလာပြီး..

"ညီမတံခါးခေါက်သေးသားပဲ ကိုကိုမှမကြားတာ။ညီမအခန်းထဲကိုဝင်လာတာတောင် ကိုကိုကသတိမထားမိဘူးလေ။အဲတော့ ညီမလည်းကိုကို့ကိုစနောက်ချင်လာရော.."

"အရူးမလေး.."

သူ(မ)ရဲ့ခေါင်းလေးကိုပွတ်လာတာကြောင့် ဝမ်လင်းလင်းကချစ်စရာကောင်းစွာပြုံးပြလိုက်သည်။ထိုနောက် လဲ့ယောင်ကိုဆိုဖာဆီခေါ်သွားကာထိုင်ခိုင်းလိုက်ပြီးနောက် မေးလိုက်၏။

"ဒါနဲ့ ကိုကိုဘာတွေတွေးနေတာလဲ"

"ဒီလိုပါပဲ..ဒါနဲ့ အဲစတော်ဘယ်ရီက?"

လဲ့ယောင်ကဝမ်လင်းလင်းလက်ထဲမှ စတော်ဘယ်ရီပန်းကန်ကိုကြည့်ပြီးမေးလိုက်သည်။ ဝမ်လင်းလင်းကိုစမြင်ကတည်းက အနီရောင်သန်းပြီးလတ်လတ်ဆတ်ဆတ်ရှိသောစတော်ဘယ်ရီသီးများကိုသူကအရင်ဆုံးသတိထားမိခဲ့တာဖြစ်သည်။ လဲ့ယောင်ကစတော်ဘယ်ရီသီးဆိုအရမ်းကြိုက်သည်လေ။

🔞My Girlfriend's Family🔞|| BL[COMPLETE✔]Место, где живут истории. Откройте их для себя