အပိုင်း(၁၀)

3.1K 200 1
                                    

{My Girlfriend's Family}

--------------------------------------

Unicode

လဲ့ယောင်ကဝမ်လီရှန်းရှေ့မှာသူ့ရဲ့လက်ကိုဖြန့်လိုက်ပြီး ဝမ်လီရှန်းဆီမှဖုန်းကိုတောင်းလိုက်သည်။

"ဖုန်းပေးပါ။ ကျွန်တော်ကိုယ်တိုင် သူဌေးကိုမေးကြည့်မယ်"

"မင်းကကိုယ့်ကိုမယုံကြည်တာလား။"

"ယုံကြည်တာမယုံကြည်တာထက် ကျွန်တော်ကိုယ်တိုင်သူဌေးဆီကအလုပ်ထုတ်ခံရတဲ့စကားကိုကြားချင်တယ်"

ဝမ်လီရှန်းကခပ်ပြုံးပြုံးဖြင့်သာတုံ့ပြန်မှုပေးလာပြီးနောက် သူ့ရဲ့ဖုန်းကိုထုတ်ကာလဲ့ယောင်ကိုပေးလိုက်သည်။ လဲ့ယောင်ကသူဌေး၏ဖုန်းနံပါတ်ကိုအလွတ်ရတာကြောင့် ရိုက်နှိပ်လိုက်ပြီး ဖုန်းခေါ်ဆိုလိုက်သည်။ တစ်ဖက်မှသူဌေးကဖုန်းကိုင်လာတဲ့အခါ လဲ့ယောင်တစ်ယောက်စိတ်လှုပ်ရှားမှုတို့ဖြင့်ပြောလိုက်သည်။

"သူဌေး..ကျွန်တော်လဲ့ယောင်ပါ။ သူဌေးကျွန်တော့်ကိုအလုပ်ထုတ်လိုက်တယ်ဆိုတာအမှန်ပဲလားဗျ"

(ဟုတ်တယ်။ ရည်းစားရှိတဲ့အလုပ်သမားကိုငါ့ဆိုင်မှာဆက်မထားနိုင်ဘူး လဲ့ယောင်)

"ဟာ..ကျွန်တော်ရည်းစားထားတာနဲ့ အလုပ်ကိစ္စနဲ့ကဘာဆိုင်လို့လဲ!"

(လဲ့ယောင် ငါ့အလုပ်သမားကိုငါအလုပ်ထုတ်ချင်ရင် ဘယ်အကြောင်းပြချက်နဲ့မဆိုရတယ်။လဲ့ယောင်..မင်းကိုအလုပ်ထုတ်လိုက်ပြီးပြီပဲ ငါဖုန်းချလိုက်တော့မယ်။)

"သူဌေး..သူဌေး!!!"

သူဌေးကသူပြောချင်ရာပြောပြီးဖုန်းကိုချပစ်သွားသည်။လဲ့ယောင်ဒေါသတို့လိမ့်တက်လို့လာကာ ဝမ်လီရှန်းကိုဖုန်းပြန်ပေးလိုက်ပြီး သူ့ရဲ့အလုပ်ထုတ်စာကိုဆုတ်ကိုင်ရင်း အပေါ်ထပ်သို့ဆောင့်အောင့်ကာတက်သွားတော့သည်။ ဝမ်လီရှန်းကဖုန်းကိုပြန်သိမ်းလိုက်ပြီး သူကခပ်တည်တည်ဖြင့်သာထွက်သွားဖို့ပြင်သည်။ ဝမ်စစ်ယွီကဝမ်လီရှန်းဘေးမှလိုက်လာရင်း မေးလိုက်သည်။

"ဒီကိစ္စကမင်းလုပ်တာပဲမဟုတ်လား"

ဝမ်လီရှန်းကအပြစ်ကင်းစင်သောမျက်နှာဖြင့် ဝမ်စစ်ယွီကိုလှည့်ကြည့်ကာမေးသည်။

🔞My Girlfriend's Family🔞|| BL[COMPLETE✔]Nơi câu chuyện tồn tại. Hãy khám phá bây giờ