အပိုင်း(၃၂)

1.9K 155 6
                                    

Unicode

လဲ့ယောင်မှာဝမ်စစ်ယွီနဲ့ဝမ်လီရှန်းကြောင့် ပင်ပန်းပြီးမေ့လဲသွားကာ သူပြန်နိုးလာစဥ်ညတောင်မှောင်နေပြီဖြစ်လေသည်။ နိုးနိုးခြင်းမှာဝမ်စစ်ယွီနဲ့ဝမ်လီရှန်းအပေါ်တွင် ဒေါသတို့ထွက်နေစဥ် ကျယ်လောင်သောအော်သံကြောင့် သူ့မှာလန့်ဖြန့်သွားရသည်။ ဒါကြောင့် သူအခန်းထဲမှထွက်လာကာ အပြင်သို့ထွက်ကြည့်လိုက်တော့ စင်္ကြလမ်းမှအခြေအနေကိုမြင်ပြီး ကြောင်အမ်းကာရှေ့ထွက်၍မေးမြန်းမိခြင်းဖြစ်သည်။ သူအိပ်ပျော်နေတဲ့အချိန်မှာဘာတွေဖြစ်နေကြတာလဲ။

ဝမ်စစ်ယွီနဲ့ဝမ်လီရှန်းကိုကြည့်တော့ မျက်နှာမှာရိုက်နှက်ခံထားရသော လက္ခဏာများရှိနေပြီး အမွှာနှစ်ယောက်ကလည်း ကြောက်လန့်တကြားဖြစ်နေပုံရသည်။ ကြမ်းပြင်မှာလည်းပန်းအိုးမှအပိုင်းအစတွေကပြန့်ကျဲနေသေးသည်။ ဝမ်ချူးလင်ဟာလည်း သူ့ရဲ့အရင်လူကြီးလူကောင်းပုံရိပ်ကပျောက်ဆုံးနေပြီး တော်တော်လေးကိုဒေါသထွက်နေပုံရလေသည်။

"ဘာတွေဖြစ်နေတာလဲ..ဝမ်စစ်ယွီ..မင်းကရောဘာကိုမသေချင်သေးတာလဲ?ဘာအဓိပ်ပါယျလဲ?မင်းကိုဘယ်သူကသတ်မှာမလို့လဲ?"

"အဲဒါ..ကောအပေါ်မကောင်းလုပ်မိတာကိုအဖေကသိသွားတာ..ကျွန်တော်တို့ကိုသတ်ပစ်မယ်လုပ်နေတယ်။ ကော..ကျွန်တော်ဒူးထောက်ပြီးလည်းတောင်းပန်ပါမယ်နော်..အဖေ့ကိုတားပေးပါဦး။"

ဝမ်စစ်ယွီမှာချက်ချင်းဒူးထောက်ကာ လဲ့ယောင်၏ခြေထောက်ကိုဖက်လိုက်ရင်း သနားကမားအသံဖြင့်ပြောဆိုတော့သည်။ ဝမ်လီရှန်းနဲ့အမွှာနှစ်ယောက်ပင် ဒီတစ်ယောက်ကဝမ်စစ်ယွီရောဟုတ်ရဲ့လားဟုမေးယူရတဲ့အထိဖြစ်နေတော့သည်။

"ခဏ..မင်းတို့ငါ့ကိုလုပ်တာကမကောင်းဘူး..တကယ်ကိုအပြစ်ခံယူသင့်တယ်..အဲလိုမကောင်းတာမှန်ပေမဲ့လည်း သတ်ဖို့အထိတော့မလုပ်နဲ့သင့်ဘူးလေ"

ဝမ်ချူးလင်ဟာလဲ့ယောင်ကိုလှည့်ကြည့်ကာပြောလိုက်သည်။ သူ့ရဲ့လေသံဟာရေခဲသမျှအေးစက်လို့နေသည်။

"လဲ့ယောင် ကိုယ်ကမင်းအတွက်သူတို့ကိုအပြစ်ပေးနေတာလေ။ မင်းဝင်မပါပဲ ရပ်ကြည့်နေလိုက်..သူတို့အပြစ်ပေးခံရမှာမင်းမကျေနပ်ဘူးလား"

🔞My Girlfriend's Family🔞|| BL[COMPLETE✔]Where stories live. Discover now