အပိုင်း(၉)

3.2K 196 2
                                    

{My Girlfriend's Family}

--------------------------------------
Unicode

ဝမ်လီရှန်းကလဲ့ယောင်အတွက်ညနေစာကိုပြင်ဆင်ပေးကာ ပြန်ရောက်လာတော့သည်။ သူကလဲ့ယောင်ကိုအခန်းထဲ၌သာစားသောက်စေချင်ပုံရတာကြောင့် လဲ့ယောင်လည်းနှာခေါင်လေးကိုသာရှုံ့မဲ့ပြလိုက်ပြီး ဗိုက်ဆာနေပြီဖြစ်တာကြောင့် အထွန့်မတတ်တော့ပဲနဲ့ညနေစာကိုစာတင်သုံးဆောင်လိုက်တော့သည်။ ဒါပေမဲ့စကားကတော့များရမှကိုဖြစ်မည်။

"အန်ကယ်ရောညနေစာစားပြီးပြီလား..တကယ်လို့ကျွန်တော်ကသူနဲ့အတူတူမစားပဲ အခန်းထဲမှာစားနေရင် မရိုသေသလိုဖြစ်နေမှာပေါ့"

ထိုအခါဝမ်လီရှန်းကသူ့ရဲ့မူပိုင်အပြုံးတစ်ခုကိုဖန်ဆင်းကာ လဲ့ယောင်ကိုပြန်ပြောလာသည်။

"အဲဒီအတွက်စိတ်မပူပါနဲ့ အဖေကစားသောက်ပြီးပြီ။ပြီးတော့ မင်းနေမကောင်းဘူးဆိုပြီးအဖေ့ကိုပြောပြထားလို့ အဖေကမင်းသူနဲ့အတူမစားတာကိုဘာမှပြောမှာမဟုတ်ဘူး"

"သြော်"

လဲ့ယောင်မှာဇွန်းကိုသာမကျေနပ်စွာကိုက်ပစ်မိသည်။ ဝမ်လီရှန်းလုပ်လာပေးသည့် ညနေစာကအရသာရှိပုံပေါ်သော်လည်း စိတ်မကြည်ဖြစ်နေသောလဲ့ယောင်မှာညနေစာ၏အရသာကိုပင်မခံစားနိုင်ချေ။ မြန်မြန်စားသောက်၍သာ ညနေစာစားခြင်းကိုအဆုံးသတ်ပစ်လိုက်သည်။ ဝမ်လီရှန်းကပန်းကန်တွေကိုသိမ်းဆည်းလာပြီး သူ့ကိုရေတိုက်လာသည်။ လဲ့ယောင်ကထိုရေခွက်ကိုယူလိုက်ကာတစ်ချက်ထဲနဲ့မော့သောက်ပစ်လိုက်ပြီး ဝမ်လီရှန်းဆီငေါက်ခနဲရေခွက်ကိုပြန်ပေးလိုက်သည်။ လဲ့ယောင်ကမကျေမနပ်ဖြစ်မှုကိုပြသနေသော်လည်း ဝမ်လီရှန်းကတော့ခပ်ပြုံးပြုံးသာတုံ့ပြန်လျက် လဲ့ယောင်လက်ထဲမှရေခွက်ကိုယူလိုက်သည်။

လဲ့ယောင်ကနှုတ်ခမ်းကိုအလိုမကျစွာထော်လိုက်ပြီး..
"အနည်းဆုံးတော့ ကျွန်တော့်ဖုန်းကိုပေးသင့်တယ်မထင်ဘူးလား။ရဲတိုင်မှာမဟုတ်ပါဘူးနော် ဒီတိုင်းဘာမှမလုပ်ရပဲနဲ့ပျင်းလို့.."

"မင်းကိုဧည့်ခန်းတွေနဲ့နားနေခန်းတွေကိုသွားခွင့်ပေးတယ်။ပျင်းရင်လည်း မင်းTVကြည့်လို့ရတယ်"

🔞My Girlfriend's Family🔞|| BL[COMPLETE✔]حيث تعيش القصص. اكتشف الآن